Sotheby ဟာ NFTs or Non-fungible Token နယ်ပယ်ထဲ ဝင်ရောက်လာပြီးနောက်မှာ ဒီနှစ်အတွင်း ရောင်းအားစံချိန်တင်နိုင်ခဲ့ပါတယ်။ သက်တမ်း နှစ် ၃၀၀ နီးပါးရှိတဲ့ လေလံ အဖွဲ့အစည်း Sotheby ဟာ ဒီနှစ်ထဲမှာ ဒေါ်လာ သန်း ၁၀၀ ဖိုး NFTs တွေ ရောင်းချနိုင်ခဲ့ပြီး ပထမဆုံး လေလံဆွဲသူအသစ်တွေဟာ Virtual Decentraland Gallery , Bored Ape Yacht Club နဲ့ CryptoPunk Collectibles တွေကို ဝယ်ယူခဲ့ကြပါတယ်။

Web-3 NFTs ဈေးကွက် ဖြစ်တဲ့ Metaverse ကို Sotheby က ဖွင့်လှစ်ပြီးနောက်မှာ NFTs လေလံဆွဲသူ အသစ်များစွာကို စွဲဆောင်နိုင်ခဲ့ပါတယ်။ NFTs လေလံဆွဲသူ အသစ် ၇၈ ရာခိုင်နှုန်းရှိလာပြီး ထက်ဝက်ကျော်ဟာ အသက် ၄၀ အောက်တွေ ဖြစ်ပါတယ်။

Sotheby's Metaverse Announces Latest & Largest NFT Charity Auction | Medium

Sotheby ဟာ ဧပြီလမှာ NFTs နယ်ပယ်ထဲ ဝင်လာခဲ့ပြီး ဒစ်ဂျစ်တယ် ဖန်တီးသူ Pak နဲ့ ပူးပေါင်းကာ ပထမဆုံး လေလံပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ ၃ ရက်ကြာ လေလံပွဲမှာ “The Fungible” အမည်ရ Collection ကို ဒေါ်လာ ၁၆.၈ သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။

Sotheby ရဲ့ နာမည်ကြီး NFTs တွေထဲမှာ Bored Ape Yacht Club ပါဝင်ပြီး ဒေါ်လာ ၁၄.၅ သန်း ရရှိခဲ့ကာ Sotheby ရဲ့ စံချိန်တင် ရောင်းချရမှုဖြစ်ပါတယ်။ Banksy ရဲ့ “Love is in the Bin” ဟာလည်း ရောင်းအား စံချိန်တင်ခဲ့ပြီး Kanye West ရဲ့  Nike Air Yeezy Sample ဟာ တန်ဖိုးအကြီးဆုံး ဖိနပ် ဖြစ်ခဲ့ပါတယ်။

Ref : aljazeera