တောင်အာဖရိက သုတေသီတွေက နေရောင်ခြည်ကို ရောင်ပြန်ဟပ်ပြီး အပူဓာတ်ကို ပြန်လွှင့်ထုတ်ပေးခြင်းအားဖြင့် အဆောက်အအုံတွေကို အလိုအလျောက် အေးမြစေတဲ့ အိမ်သုတ် ဆေးသစ်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီဆေးက အဲကွန်းကို အားမကိုးရဘဲ အခန်းတွင်းအပူချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

Ceiling & Wall Door - Interior Painting Services Singapore

ဒီတီထွင်မှုဟာ မြင့်တက်လာတဲ့ မြို့ပြအပူချိန်တွေနဲ့ တိုးပွားလာတဲ့ စွမ်းအင်လိုအပ်ချက်တွေဆိုတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ passive cooling technologies (အလိုအလျောက် အအေးပေးစနစ်)  ဖြစ်ပါတယ်။ ဒီဆေးက radiative cooling လို့ခေါ်တဲ့ လုပ်ငန်းစဉ်ကနေတစ်ဆင့် နေရောင်ခြည်ဖြာထွက်မှုရဲ့ ၉၀% အထိကို ရောင်ပြန်ဟပ်ပေးပြီး တစ်ချိန်တည်းမှာပဲ အပူစွမ်းအင်ကို ပြန်လည်ထုတ်လွှတ်ပေးတဲ့နည်းနဲ့ အလုပ်လုပ်ပါတယ်။ ရလဒ်အနေနဲ့ ဒီဆေးဟာ ပြင်းထန်တဲ့ နေရောင်အောက်မှာတောင် မျက်နှာပြင်အပူချိန်ကို ဒီဂရီအတော်များများအထိ လျှော့ချပေးနိုင်ပါတယ်။

Best House Interior Painting – Licensed & Insured Home Painters - Painters  Link Group

အအေးပေးစနစ်ကုန်ကျစရိတ်တွေ မြင့်မားပြီး လျှပ်စစ်ဓာတ်အားရရှိမှု ကန့်သတ်ချက်ရှိနိုင်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေအတွက် အထူးသဖြင့် အရေးပါပါတယ်။ အဲကန်းသုံးစွဲမှုကို လျှော့ချပေးတာကြောင့် ဒီဆေးဟာ လျှပ်စစ်မီတာခတွေကို သက်သာစေရုံသာမက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုပါ လျှော့ချပေးနိုင်ပါတယ်။

အဲဒီအိမ်သုတ်ဆေးကို အများအပြားထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်သက်သာပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြေရှင်းပေးနိုင်သလို မြို့ပြလူနေမှုဘဝကိုလည်း ပိုမိုရေရှည်တည်တံ့အောင် ဖန်တီးပေးနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။

Ref : Knowledge Factory