အမေရိကန် ပြည်ထောင်စု တောင် ကယ်လီဖိုးနီးယားမှာ ကမ္ဘာ့ ပထမဆုံး AI စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ပါတယ်။ CaliExprerss by Flippy လို့ အမည်ပေးထားပြီး ပါစာဒီနာမှာ တည်ရှိပါတယ်။

World's First Fully Autonomous, AI-Powered Restaurant Opening in Southern  California | Miso Robotics

အဲဒီ စားသောက်ဆိုင်မှာ AI နည်းပညာ ပါတဲ့ စက်ရုပ်တွေဟာ ဟမ်ဘာဂါနဲ့ အကြော်အလှော်တွေကို အစ အဆုံး ချက်ပြုတ်နေတာကို ပြသထားပါတယ်။ စက်ရုပ်တွေက စားသုံးသူတွေ အကြိုက် ဟင်းပွဲတွေကို ပြင်ဆင်ပေးနိုင်ပါတယ်။

World's First AI-Powered Restaurant Opens in California

အဲဒီ AI စားသောက်ဆိုင်ကို Cali Group , Miso Robotics နဲ့ PopID တို့ ပူးပေါင်း တည်ဆောက်ထားတာ ဖြစ်ပြီး စားသောက်ဆိုင်မှာ အစားအစာ မှာယူတာနဲ့ ဟင်းချက်တာကို ပြုလုပ်ပေးပါတယ်။

ဒီနည်းပညာက အစားအစာ စွန့်ပစ် ပစ္စည်းတွေကို လျှော့ချပေးနိုင်ပြီး အစားအစာ ချက်ပြုတ်တဲ့ အချိန်ကို မြန်ဆန်စေပါတယ်။ စားသောက်ဆိုင် လောကမှာ နည်းပညာ အဆင့်အမြင့်ဆုံး ဖြစ်လာပါတယ်။

စားသောက်ဆိုင်မှာ လူသားဝန်ထမ်းတွေ ပါဝင်လုပ်ကိုင်မှုကို အနည်းဆုံး လျှော့ချထားပြီး တစ်မူထူးခြားတဲ့ အတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။ အလိုအလျှောက် အစားအစာ ပြင်ဆင်ပေးတဲ့ စားသောက်ဆိုင် လောကမှာတော့ နည်းပညာ အဆင့်အမြင့်ဆုံး ဖြစ်လာပါတယ်။

Ref : Tech DAD