အမေရိကန် ဘီလီယမ်နာ သူဌေးကြီး Jared Isaacman ဟာ ၂၀၂၁ ခုနှစ်တုန်းက SpaceX ရဲ့ Dragon အာကာသယာဉ်နဲ့ အာကာသထဲ သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က ဒါနဲ့တင် မပြီးသေးပါဘူး။ သူဟာ ပိုမို ဝေးကွာတဲ့ နေရာတွေကို သွားပြီး အာကာသထဲ လမ်းလျှောက်ဖို့ ရည်မှန်းထားပါတယ်။

SpaceX will attempt the first commercial spacewalk | Popular Science

အခုတော့ သူ့ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ SpaceX က ဒီလ ၂၉ ရက်နေ့မှာ Jared Isaacman ကို အာကာသထဲ ပို့ဆောင်ပေးတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီ ခရီးစဉ်အောင်မြင်ရင် သူဟာ အာကာသထဲ လမ်းလျှောက်တဲ့ ကမ္ဘာ့ ပထမဆုံး ခရီးသည်ဖြစ်လာတော့မှာပါ။

Billionaire Jared Isaacman Will Drop Huge Cash for Private Spacewalk

Jared Isaacman ဟာ Draken International ကုမ္ပဏီကို တည်ထောင်သူနဲ့ Shift4 Payment ကုမ္ပဏီ CEO ဖြစ်ပြီး Polaris Dawn စီမံကိန်းနဲ့ အာကာသထဲသွားရောက်ဖို့ ၂၀၂၂ ခုနှစ်ကတည်းက စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက Falcon 9 ဒုံးပျံ ပေါက်ကွဲမှုကြောင့် စီမံကိန်းဟာ နှောင့်နှေးကြန့်ကြာသွားခဲ့တာ ဖြစ်ပါတယ်။

SpaceX, Virgin Galactic တို့လို အာကာသ နည်းပညာ ကုမ္ပဏီတွေဟာ အာကာသထဲ ခရီးသွားတွေ လည်ပတ်နိုင်မယ့် ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးဖို့ ကြိုးစားနေကြပါတယ်။ အာကာသထဲ ခရီးသွားချင်တဲ့ သူဌေးတွေ၊ မင်းသား၊ မင်းသမီးတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေ အများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

Ref : foxweather