SpaceX က အာကာသမှ ဂြိုလ်တုတွေကနေ အင်တာနက် ထုတ်လွှင့်ပေးနေတဲ့ ဝန်ဆောင်မှုရဲ့ Starlink Premium Package အသစ်ကို ကြေညာလိုက်ပြီး စီးပွားရေး လုပ်ငန်းတွေအတွက် ရည်ရွယ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ပုံမှန် ဝန်ဆောင်မှုထက် ၅ ဆဈေးပိုကြီးပြီး ၁ လကို ဒေါ်လာ ၅၀၀ ကျသင့်မှာဖြစ်ကာ စရန်ငွေ ဒေါ်လာ ၅၀၀ ၊ အန်တင်နာနဲ့ Router အတွက် ဒေါ်လာ ၂,၅၀၀ ပေးဆောင်ရမှာပါ။

SpaceX launches Starlink Premium internet plan, and it's not cheap - CNET

ပုံမှန် Starlink ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ စတင် ခဲ့ပြီး ၁ လကို ၉၉ ဒေါ်လာ ကျသင့်ကာ စရန်ငွေ ၉၉ ဒေါ်လာနဲ့ ဟာ့ဒ်ဝဲခ ၄၉၉ ဒေါ်လာ ပေးဆောင်ရပါတယ်။ SpaceX က “ Starlink Premium ရဲ့ အန်တင်နာ စွမ်းရည်ဟာ ၂ ဆ ပိုကောင်းလာတဲ့အတွက် အင်တာနက် အမြန်နှုန်း ပိုကောင်းလာပါတယ်။ စီးပွားရေး လုပ်ငန်းတွေအပါအဝင် အင်တာနက် အမြန်နှုန်း ကောင်းကောင်းလိုချင်သူတွေအတွက် ရည်ရွယ်ပါတယ်။ ဝန်ဆောင်မှု အသစ်ကို ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း စတင်မှာပါ။ “ လို့ ပြောပါတယ်။

Starlink Premium: SpaceX's high-end internet service

Starlink Premium ရဲ့ Download Speed ဟာ 150Mbps ကနေ 500Mbps အထိ ရရှိစေမှာ ဖြစ်ပြီး Latency က 20 Milliseconds ကနေ 40 Milliseconds အတွင်း ဖြစ်ပါတယ်။ ပုံမှန် ဝန်ဆောင်မှုမှာတော့ Download Speed ဟာ 100 Mbps ကနေ 200 Mbps အတွင်းပဲ ရရှိမှာ ဖြစ်ကာ Latency ကလည်း ပိုကြာပါတယ်။

SpaceX က Premium အန်တင်နာဟာ ဆိုးရွားတဲ့ ရာသီဥတုတွေမှာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဖန်တီးထားတယ်လို့ ပြောပါတယ်။ SpaceX ဟာ အာကာသမှာ ဂြိုလ်တု ၁,၉၀၀ လွှတ်တင်ထားပြီး ဇန်နဝါရီလအထိ စာရင်းအရ  ပုံမှန် ဝန်ဆောင်မှုကို နိုင်ငံ ၂၅ ခုက User ၁၄၅,၀၀၀ ကျော် အသုံးပြုနေကြပါတယ်။

Ref : cnbc