Elon Musk ပိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ တန်ဖိုးဟာ ၂၀၂၄ ခုနှစ် ဇွန်လနောက်ပိုင်းမှာ ၆၇ ရာခိုင်နှုန်းတောင် တိုးတက်လာပြီး အခုဆိုရင် ဒေါ်လာ ၃၅၀ ဘီလီယမ် တန်ကြေး ရှိလာပါတယ်။ အဲဒီ တန်ဖိုးဟာ အမေရိကန်ရဲ့ နာမည်ကြီး ကုမ္ပဏီတွေ ဖြစ်တဲ့ McDonald , Coca-cola နဲ့ နာမည်ကြီး အမေရိကန် လက်နက် ကုမ္ပဏီတွေထက် ပိုများလာပါတယ်။
Elon Musk ဟာ အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ်နယ်ထရမ့်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အတွက် ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှု မြင့်မားစေတာ ဖြစ်ပါတယ်။ အဲဒီအတွက် SpaceX ရဲ့ စတော့ ရှယ်ယာတွေကို ဝယ်ယူမှုမြင့်မားလာပြီး တန်ဖိုးတက်လာတာ ဖြစ်ပါတယ်။ ထရမ့်က SpaceX ရဲ့ စီမံကိန်းတွေအတွက် အကျိုးရှိမယ့် မူဝါဒတွေကိုလည်း အကောင်အထည်ဖော်ပေးမယ်လို့ ကတိပေးထားပါတယ်။
SpaceX ဟာ အမေရိကန် စစ်ဌာနချုပ်ရဲ့ အဓိက ပါတနာ ဖြစ်ပြီး စပိုင် ဂြိုလ်တုတွေနဲ့ တခြား နည်းပညာတွေကို တီထွင်ပေးနေပါတယ်။ ထရမ့်ဟာ နည်းပညာ ဘီလီယမ်နာ Jared Isaacman ကို နာဆာရဲ့ နောက်အကြီးအကဲ အဖြစ် လျာထားတာဟာလည်း SpaceX အတွက် အကျိုးကျေးဇူးများစွာ ရလာနိုင်ပါတယ်။
Elon Musk ဟာ Tesla, SpaceX , xAI , Boring အပါအဝင် ကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အဲဒီ ကုမ္ပဏီတွေရဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ သူဟာ မကြာခင်ကပဲ ဒေါ်လာ ၄၀၀ ဘီလီယမ်ကျော် ချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံး လူသား ဖြစ်လာပါတယ်။
Ref : CNBC