SpaceX ရဲ့ Starlink ဟာ လက်ရှိမော်ဒယ်တွေထက် စွမ်းဆောင်ရည် အကြီးအကျယ် မြှင့်တင်ထားတဲ့ တတိယမျိုးဆက် ဂြိုလ်တုတွေကို ၂၀၂၆ ခုနှစ်အစောပိုင်းမှာ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။
ဂြိုလ်တုအသစ်တစ်ခုချင်းစီမှာ တစ်စက္ကန့်ကို 1 Terabit Download Speed နဲ့ 200 Gbps Upload Speed ကို ပံ့ပိုးပေးမှာ ဖြစ်ပြီး လက်ရှိထက် (၁၀) ဆနဲ့ (၂၄) ဆ အသီးသီး ပိုကောင်းလာမှာ ဖြစ်ပါတယ်။
Starship ဒုံးပျံတွေကို အသုံးပြုပြီး လွှတ်တင်မှုတစ်ကြိမ်တိုင်းမှာ ကွန်ရက်ပမာဏ 60 Tbps ကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး ဒါဟာ လက်ရှိလွှတ်တင်မှုတွေထက် အဆ (၂၀) ပိုများပါတယ်။
အဲဒီဂြိုလ်တုတွေမှာ ကွန်ပျူတာအသစ်တွေ၊ beamforming စွမ်းရည်တွေနဲ့ မိုဒမ်တွေအပါအဝင် အဆင့်မြှင့်ထားတဲ့ ဟာ့ဒ်ဝဲလ်တွေ ပါဝင်မှာဖြစ်ပြီး ဒေတာပို့ဆောင်မှု ပိုမိုမြန်ဆန်စေဖို့အတွက် အမြင့်ပေနိမ့်နိမ့်မှာ လည်ပတ်မှာ ဖြစ်ပါတယ်။
ဒီဂြိုလ်တု အသစ်တွေကြောင့် Starlink ဟာ Global Demend ကို ပြည့်မှီအောင်လုပ်ပေးနိုင်မှာ ဖြစ်ပြီး 5G ကွန်ရက်ကို တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။
Ref : Fossbytes