အခုနောက်ပိုင်းမှာ Social Media အများစုဟာ TikTok ပုံစံ Video Feed တွေကို ထည့်သွင်းလာပြီဖြစ်ပါတယ်။ Facebook ၊ Instagram လိုမျိုး Social Media App တွေတင်မဟုတ်ဘဲ YouTube ကပါ အခုနောက်ပိုင်းမှာ YouTube Shorts ဆိုပြီး Video အတိုလေးတွေကို Home Page မှာပဲ Tab သီးသန့်နဲ့ ပြသနေတာဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး Music Streaming App တစ်ခုဖြစ်တဲ့ Spotify ကနေ TikTok ပုံစံ Video Feed တစ်ခုကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ TechCrunch ကနေ အရင်ဆုံးဖော်ပြခဲ့တာဖြစ်ပြီး Beta iOS App မှာ စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။

Spotify ရဲ့ Video Feed ဟာဆိုရင် အောက်ဖက်က Navigation Bar မှာရှိတဲ့ Discover ဆိုတဲ့ Tab မှာပါဝင်လာမှာဖြစ်ပြီး သီချင်းတွေရဲ့ Video အတိုလေးအပြင် သီချင်းကိုပါ ခတ္တနားထောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်နားထောင်ချင်တဲ့သီချင်းဆိုရင်လည်း သီချင်းနာမည်ကို နှိပ်ပြီး နားထောင်နိုင်သလို ကိုယ့်ရဲ့ Library ထဲကိုလည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Spotify ဘက်ကနေ တရားဝင်ပြောကြားချက်အရတော့ အဆိုပါ Feature ဟာ လက်ရှိအချိန်မှာ စမ်းသပ်ဆဲ Feature တစ်ခုဖြစ်ပြီးတော့ အသုံးပြုသူတွေရဲ့ User Experience ကို ပိုကောင်းစေဖို့အတွက်ပဲ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Feature ကို တရားဝင်ထုတ်ပေးဖို့ရှိမရှိကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Feature က သီချင်းအသစ်တွေကို နားထောင်ချင်တဲ့သူတွေအတွက် အဆင်ပိုပြေစေမှာကတော့ သေချာပါတယ်။

Ref – The Verge