Music Streaming Service တွေထဲမှာ လူသုံးအများဆုံးလို့တောင် ပြောနိုင်တဲ့ Spotify ဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ကားမောင်းနေရင် အသုံးပြုဖို့အတွက် Car View Mode ကို iOS နဲ့ Android App တွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Car View Mode ကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Car View Mode ဟာ အသုံးပြုတဲ့အချိန်မှာ တခြားမလိုအပ်တဲ့အချက်အလက်တွေကို ဖော်ပြသွားမှာမဟုတ်ဘဲ Playback Control ၊ Song Title လိုမျိုး အချက်အလက်တွေကိုပဲ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ User Interface ကိုလည်း ပိုမိုကြီးမားအောင် ပြသပေးထားသလို တခြား Album Canvas တွေ၊ Lyrics တွေကိုလည်း မြင်တွေ့ရမှာမဟုတ်ပါဘူး။

အဆိုပါ Car View Feature ဟာ ပုံမှန်အားဖြင့် ကိုယ့်ကားနဲ့ Bluetooth ချိတ်ဆက်လိုက်တဲ့အချိန်မှာ ပြောင်းလဲသွားမှာဖြစ်ပြီး Auto ပြောင်းမပြောင်းကိုလည်း Setting ထဲမှာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုပါ Feature ဟာ ကားပေါ်မှာ အမြဲတမ်းသီချင်းနားထောင်တတ်တဲ့သူတွေအတွက်တော့ အသုံးဝင်တဲ့ Feature တစ်ခုလို့ ပြောရမှာပါ။

Spotify ရဲ့ပြောကြားချက်အရတော့ အခုလိုမျိုး Car View Feature ကို ရပ်ဆိုင်းလိုက်တာက ကားမောင်းနေတဲ့အချိန်မှာ Spotify ကို ပိုပြီးလွယ်ကူအောင် အသုံးပြုနိုင်ဖို့ကို ရပ်ဆိုင်းလိုက်တာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား နောက်ပိုင်းမှာ ကားပေါ်မှာ အသုံးပြုနိုင်ဖို့အတွက် User Interface ပိုင်းကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ်ဆိုပြီး ပြောကြားထားပါတယ်။

Ref – 9to5Google