Spotify ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Music Streaming Service ဆိုရင်လည်းမမှားပါဘူး။ အခုနောက်ပိုင်းမှာ Apple Music နဲ့ YouTube Music လိုမျိုး ပြိုင်ဘက်တွေပေါ်ထွက်လာပေမယ့်လည်း လောလောဆယ်မှာတော့ အသုံးပြုသူတွေကျဆင်းသွားခြင်းမရှိသေးပါဘူး။

အခုလည်း Spotify ကနေ Mobile OS ကနေ နားထောင်တဲ့အသုံးပြုသူတွေအတွက် UI Design အသစ်ကို Android နဲ့ iOS Device တွေအတွက် Update ပြုလုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ UI အသစ်ဟာ iOS Device တွေမှာ အရင်ဆုံးရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ Android OS အတွက်လည်း Update ရရှိလာမယ်လို့ သိရပါတယ်။

အဓိကပြောင်းလဲမှုတွေအနေနဲ့ကတော့ Universal Shuffle Play Button ပါဝင်လာတာပဲဖြစ်ပြီးတော့ လက်ရှိကိုယ့်ရဲ့ Library သို့မဟုတ် Daily Mix တွေထဲက သီချင်းတွေကို One-Click နဲ့ Shuffle ပြုလုပ်ပြီး နားထောင်နိုင်မှာပါ။ ဒ့ါအပြင် “Like” ၊ “Play” နဲ့ “Download” Button တွေပါဝင်တဲ့ Action Bar ကိုလည်း ပုံစံပြောင်းလဲထားတာဖြစ်ပါတယ်။ Spotify ရဲ့ အဆိုအရတော့ UI Design အသစ်ဟာ လက်တဖက်ထဲနဲ့ အသုံးပြုဖို့အတွက် ပိုပြီးလွယ်ကူသွားပြီဖြစ်တယ်လို့ သိရပါတယ်။



နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ Album View ကလွဲပြီး ကျန်တဲ့ View Mode တွေအားလုံးမှာ သီချင်းရဲ့ Cover Art ကို ထည့်သွင်းပေးလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် နာမည်တူညီတဲ့သီချင်းတွေကို ရှာဖွေရတာကလည်း ပိုပြီးလွယ်ကူသွားမှာဖြစ်သလို Like ပြုလုပ်ထားပြီးသားသီချင်းတွေဆိုရင်လည်း Heart Icon လေးနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Spotify ရဲ့ ပြောကြားချက်အရတော့ လက်ရှိအချိန်မှာ iOS အသုံးပြုသူတွေအနေနဲ့ အခု UI အသစ်ကို Update ရယူအသုံးပြုနိုင်ပြီဖြစ်သလို Android အတွက်ကတော့ မကြာခင်ရရှိမယ်လို့ သိရပါတယ်။

Ref – XDA-Developers