လက်ရှိအချိန်မှာ Music Streaming Service ကို အသုံးပြုချင်တယ်ဆိုရင် Spotify ၊ Apple Music တို့က အအောင်မြင်ဆုံးလို့ ပြောနိုင်ပါတယ်။ အဲ့ဒီထဲမှာမှ Spotify ဟာ အခမဲ့အသုံးပြုနိုင်တာကြောင့် အသုံးပြုသူအများဆုံးဖြစ်နေပါတယ်။

ဒီလိုမျိုး Spotify ကို Apple iOS Device တွေမှာ အသုံးပြုနေတယ်ဆိုရင် တခြားသော AirPlay 2 Support ပြုလုပ်တဲ့ Bluetooth Speaker တွေ၊ TV တွေဆီကို ပေးပို့ပြီး သီချင်းနားထောင်နိုင်ခြင်းမရှိတာကို သိပြီးဖြစ်မှာပါ။ အခုလည်း Spotify ကနေ iOS App အတွက် AirPlay 2 Support ရရှိဖို့အချိန်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ယခုသတင်းကိုတော့ Spotify Community Forum မှာ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး လူတောင်းဆိုမှုများပြားတဲ့ Feature ကို အချိန်ရွေ့ဆိုင်းနေရသလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ AirPlay 2 Feature အတွက် Audio Driver ပိုင်းမှာ Compatibility Issue တွေရှိနေသေးတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

Apple ဟာ AirPlay 2 Feature ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက iOS 11.4 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အသုံးပြုနိုင်ဖို့အတွက် DRM Security တွေအများအပြားကြားခံထားတာကြောင့် Support ပြုလုပ်တဲ့ Service နည်းပါးနေတာဖြစ်ပါတယ်။ Spotify အနေနဲ့ တခြားသော Third-party Bluetooth Speaker တွေအပြင် Google Assistant Smart Speaker အများအပြားအတွက် Support ပြုလုပ်ထားပေမယ့်လည်း အခု AirPlay 2 ကို Support ပြုလုပ်ဖို့ကတော့ အချိန်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

Spotify ဘက်ကနေတော့ ဘယ်အချိန်မှာရရှိလာနိုင်မလဲဆိုတာကို တရားဝင်ပြောကြားခဲ့ခြင်းမရှိတာကြောင့် လောလောဆယ် AirPlay 2 Feature ကို အသုံးပြုချင်တယ်ဆိုရင် Apple Music ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။

Ref – 9to5Mac