Google ဟာ အခုအချိန်မှာ Android 12 ကို မိတ်ဆက်ထားပြီးဖြစ်ပြီး အဓိကအနေနဲ့ UI Design ပိုင်းကို Material You ဆိုပြီး လုံးဝပြောင်းလဲထားတာဖြစ်ပါတယ်။ အဆိုပါ Material You ဟာ System UI Design တွေတင်မဟုတ်ဘဲ Widget တွေပါ လုံးဝအသစ်ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

အခုလည်း လူသုံးအများဆုံး Music Streaming App တစ်ခုဖြစ်တဲ့ Spotify ကနေ Android 12 Material You Design နဲ့ လိုက်ဖက်တဲ့ Widget အသစ်ကို ပြင်ဆင်နေပြီဖြစ်ပါတယ်။ နောက်ဆုံး Spotify Version 8.6.40/42 Update မှာ Home Screen Widget ကို Design အဟောင်းအစား ပိုပြီး လှပတဲ့ Widget အသစ်နဲ့ အစားထိုးသွားမှာဖြစ်ပါတယ်။

အဆိုပါ Widget အသစ်ဟာ ဖုန်းမှာ အသုံးပြုထားတဲ့ Theme ပေါ်မှုတည်ပြီး အရောင်ပြောင်းလဲနိုင်မှာဖြစ်သလို Album Art တွေကိုပါ ဖော်ပြပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Android 12 ရဲ့ Wallpaper ပေါ်မှုတည်ပြီး Accent Color ပြောင်းလဲတဲ့ Feature နဲ့တော့ တွဲဖက်အလုပ်လုပ်နိုင်ခြင်းမရှိသေးသလို တခါတလေမှာ Album Art တွေကိုလည်း မှားယွင်းဖော်ပြနေပါသေးတယ်။

Spotify ဟာ ယခင်တုန်းက Android အတွက် Widget ကို လုံးဝဖယ်ရှားခဲ့ဖူးပြီးတော့ အခုလိုမျိုး Android 12 က Widget တွေကို ပြန်လည်ဦးစားပေးလာတဲ့အတွက် အခုလိုမျိုး ပြန်လည်အာရုံစိုက်လာတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း iOS မှာလိုမျိုး Widget တွေဟာ ကောင်းကောင်းအလုပ်လုပ်ပြီး လှပနေဖို့ကတော့ အချိန်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – 9to5Google