Spotify လို့ ဆိုလိုက်တာနဲ့ လူအသုံးအများဆုံး Music Streaming Platform တစ်ခုအနေနဲ့ လူတိုင်းသိကြမှာပါ။ Spotify ဟာ အခမံ့အသုံးပြုနိုင်တဲ့ Free Tier ပါဝင်တာကြောင့် တခြားသော Apple Music လိုမျိုး ဝယ်ယူမှ အသုံးပြုနိုင်တဲ့ Music Streaming Service တွေထက် ပိုမိုအသုံးပြုများပြားနေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် Spotify ဟာ UI ပိုင်းနဲ့ Feature ပိုင်းမှာ Apple Music ထပ်ပိုမိုစုံလင်ပေမယ့် Apple Music လိုမျိုး Hi-Fi Audio Playback ကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသလို Music Video တွေကိုလည်း App အတွင်းမှာ ကြည့်ရှုနိုင်ခြင်းမရှိသေးပါဘူး။ ဒါကို Spotify က မကြာခင်ပြောင်းလဲသွားတော့မယ့် ပုံစံပါပဲ။​

ဘာကြောင့်လဲဆိုရင် Bloomberg Media ရဲ့ ဖော်ပြချက်အရ Spotify ဟာ App အတွင်းမှာ ပုံမှန်သီချင်းနားထောင်တာတွေတင်မဟုတ်ဘဲ Music Video တွေကိုပါ ကြည့်ရှုနိုင်အောင် ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် Spotify ဘက်ကတော့ တရားဝင် မှတ်ချက်ပေးထားခြင်းမရှိပါဘူး။

Spotify ဟာ လက်ရှိအချိန်မှာ Podcast Feature ၊​ Storytelling Clip တွေကို စက္ကန့် ၃၀ အထိနဲ့ သီချင်းနားထောင်နေတဲ့အချိန်မှာ ၁၀ စက္ကန့်စာ Video အတိုတစ်ခုကိုပဲ​ Loop ပြုလုပ်ပြီး ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် Music Video ကိုပါ App အတွင်းမှာ ထောက်ပံ့လာနိုင်မယ်ဆိုရင် တော်တော်လေးကို ပိုမိုအဆင်ပြေသွားမှာပါ။

Ref – Engadget