Spotify ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ Subscriber အရမ်းတိုးလာပြီး Monthly Active Users (MAU) ဟာ ၂၉၉ သန်း ရှိလာပါတယ်။ အရင်နှစ် ကွာတား ၂ ကထက် ၂၉ ရာခိုင်နှုန်းနဲ့ ဒီနှစ် ကွာတား ၁ ထက် ၅ ရာခိုင်နှုန်း တိုးလာပါတယ်။ Premium Subscriber တွေကနေ ဝင်ငွေဟာလည်း တိုးတက်လာပြီး အခမဲ့ သုံးစွဲသူတွေပဲ ကျဆင်းခဲ့တာပါ။

ဆွီဒင် အခြေစိုက် Spotify ဟာ မြောက်အမေရိကမှာ ၂၀၁၉ ခုနှစ် ကတည်းက သုံးစွဲသူရော ဝင်ငွေပါ တိုးပွားလာတာဖြစ်ပါတယ်။ အိန္ဒိယဟာလည်း Spotify ခန့်မှန်းထားတာထက် ပိုအောင်မြင်ခဲ့ပြီး အဲဒီမှာ Marketing Campaigns တွေ အရမ်း ကောင်းခဲ့ပါတယ်။ လက်တင်အမေရိကနဲ့ ကျန်ကမ္ဘာ့ နိုင်ငံတွေမှာ အရင်နှစ်ကထက် ၃၃ နဲ့ ၅၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

အဲဒီ ဒေသ ၂ ခုမှာ ဧပြီနဲ့ မေလအတွင်း သုံးစွဲသူ ကျဆင်းခဲ့ပေမယ့် ဇွန်လမှာ ပြန်လည် သုံးစွဲသူများပြားခဲ့ပါတယ်။ လက်တင်အမေရိကနဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေမှာ ပိုအောင်မြင်မယ်လို့ ထင်ခဲ့ကြပေမယ့် မြောက်အမေရိကမှာ ပိုအောင်မြင်ခဲ့ပါတယ်။

Spotify က ဇွန်လ ၃၀ ရက်နေ့အထိ တစ်ကမ္ဘာလုံး အသုံးပြုသူဟာ ကိုဗစ် ကာလ မတိုင်ခင်ကို အမှီလိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အာရှ ပစိဖိတ်နဲ့ ဥရောပမှာ ဗိုင်းရက်စ် ကူးစက်မှု အစောဆုံး နည်းပါးသွားတဲ့အတွက် အဲဒီ နိုင်ငံတွေမှာ သုံးစွဲသူ ပြန်များခဲ့ပါတယ်။ ကားထဲမှာ နားဆင်တဲ့ အရေအတွက်ဟာ ကွာတား ၂ အကုန်မှာ ကိုဗစ် မတိုင်ခင် ကာလကထက် ၁၀ ရာခိုင်နှုန်းနဲ့ ဧပြီလကထက် ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Ref : gsmarena