Square Enix ဥက္ကဌ Yosuke Matsuda က ဂိမ်း ဖန်တီးသူတွေနဲ့ ကုမ္ပဏီတွေဟာ Blockchain နည်းပညာ အပေါ် မှီခိုလာမယ်လို့ မျှော်လင့်ထားကြောင်း အင်တာဗျူး ၁ ခုမှာ ပြောကြားလိုက်ပါတယ်။

သူက “ အထူးသဖြင့် ဂျပန်မှာ သမားရိုးကျ ဂိမ်း ဖန်တီးမှုတွေဟာ မလုံလောက်တော့ပါဘူး။ အဲဒီအတွက် ရေရှည်တိုးတက်နေမယ့် ဂိမ်းတွေကို ဖန်တီးချင်ပါတယ်။ User တွေ ဖန်တီးထားတဲ့ Content တွေကို မက်လုံးပေးစွဲဆောင်ဖို့ Blockchain နည်းပညာကို အသုံးပြုချင်ပါတယ်။ အနာဂတ်မှာ ဂိမ်းတွေ အလိုအလျှောက် ဖန်တီးဖို့ ကြိုးစားပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Square Enix signals major push into “blockchain gaming” mania | Ars Technica

သူက “ လက်ရှိ အချိန်အထိ ဂိမ်း အများစုမှာ ကျွန်တော်တို့က Content အားလုံးကို အပြီးအစီး ဖန်တီးပေးလိုက်တာဖြစ်ပြီး Player တွေက အဲဒီ Content ကို ကစားကြပါတယ်။ ဒါပေမယ့် Setting အသစ်တွေ၊ ကစားပုံ နည်းလမ်း အသစ်တွေကို ဖန်တီးခြင်းဖြင့် ဂိမ်းတွေကို ပိုမို စိတ်ဝင်စားစရာကောင်းအောင် ပါဝင် ဖန်တီးချင်တဲ့ Player တချို့ ကမ္ဘာမှာ ရှိနေပါတယ်။ အနာဂတ်မှာ အဲဒီ လူတွေရဲ့ စွမ်းအားကို အသုံးချကာ ရေရှည် တိုးတက်ကောင်းမွန်တဲ့ ဂိမ်းတွေကို ဖန်တီးချင်ပါတယ်။ Blockchain လို နည်းပညာတွေကို အသုံးပြုပြီး အဲဒီ လူတွေ ပါဝင် ဖန်တီးချင်လာအောင် စွဲဆောင်ရမှာ ဖြစ်ပါတယ်။ User တွေကနေ ထူးခြား ဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ Content တွေ ထွက်လာနိုင်ခြေရှိပါတယ်။“ လို့ ပြောပါတယ်။

Matsuda ဟာ အရင်ကလည်း NFT နဲ့ Blockchain နည်းပညာဟာ ဂိမ်း နယ်ပယ်မှာ အဓိက Trend ဖြစ်လာမှာ ဖြစ်ပြီး Cloud အခြေပြု ဂိမ်း၊ AI နဲ့ Blockchain ဂိမ်း အပါအဝင် ၂၀၂၂ ခုနှစ်ထဲမှာ ထင်ရှားလာမယ်လို့ ပြောခဲ့ဖူးပါတယ်။

Ref : eurogamer