Xiaomi ကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ပထမဆုံးအနေနဲ့ 108 Megapixels Camera Sensor ပါဝင်တဲ့ Mi CC9 Pro စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi CC9 Pro ကို Global Version အနေနဲ့ Mi Note 10 ဆိုပြီး ပြောင်းလဲရောင်းချခဲ့တာလည်းဖြစ်ပါတယ်။

Xiaomi Mi CC9 Pro ဟာ အသုံးပြုသူများပြားပြီး အောင်မြင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်သလို အခုလည်း Xiaomi ကနေ Mi CC9 Pro ဖုန်းအတွက် Stable Android 10 Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Android 10 Update အတွက် MIUI Version အနေနဲ့ကတော့ MIUI V11.1.1.0.QFDCNXM လို့သိရပြီးတော့ File Size အနေနဲ့ 2.7GB ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

အခုလိုမျိုး Stable Android 10 Update ကို ရရှိပြီဖြစ်ပေမယ့်လည်း Android 10 Feature တွေဖြစ်တဲ့ System-wide Dark Mode ၊ Location Privacy Feature အသစ်တွေပါဝင်လာတာလွဲပြီး တခြား MIUI ပိုင်းမှာကတော့ ပြောင်းလဲမှုတွေရှိမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် MIUI Feature အသစ်တွေအတွက်ကတော့ MIUI 12 Update ကို စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Xiaomi Mi CC9 Pro စမတ်ဖုန်းအတွက် Stable Android 10 Update ကိုထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် မကြာခင်မှာလည်း Mi Note 10 အတွက်ပါ Android 10 Update ရရှိလာဖို့များနေပါပြီ။

Ref – Notebook Check