Starbucks ရဲ့ Loyalty Program ဖြစ်တဲ့ Starbucks Rewards ဟာ ကော်ဖီဆိုင် လောကမှာ အအောင်မြင်ဆုံးတွေထဲက ၁ ခု ဖြစ်ပြီး Starbucks App လို နောက်ဆုံးပေါ် နည်းပညာတွေလည်း ဖန်တီးပေးထားပါတယ်။ အခုတော့ Starbucks ဟာ နောက်ထပ် နည်းပညာတွေကို ယူဆောင်ပေးတော့မှာ ဖြစ်ပြီး နောက်လမှာ NFT လုပ်ဆောင်ချက် အသစ်တွေရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ကြေညာမယ်လို့ ပြောပါတယ်။

Tag: Starbucks | SoraNews24 -Japan News-

မေလတုန်းက Starbucks ရဲ့ Chief Marketing Officer Brady Brewer နဲ့ ကုမ္ပဏီအတွက် အရင်က ဒစ်ဂျစ်တယ် စီမံကိန်းတွေကို ပြုလုပ်ခဲ့သူ အကြံပေး Adam Brotman တို့က ဒစ်ဂျစ်တယ် Third Place ကို ဖန်တီးမယ့် အိုင်ဒီယာကို ချပြခဲ့ပါတယ်။ (Third Place ဟာ လူတွေ နေအိမ်နဲ့ ရုံးခန်း အပြင် တတိယ အချိန်ဖြုန်းတဲ့ နေရာကို ကုမ္ပဏီက ရည်ညွှန်းပါတယ်။ ) အဲဒီ ဆောင်းပါးမှာ သူတို့ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တာက NFT (Non-fungible Token) ဖြစ်တယ်လို့ ရေးသားထားပါတယ်။

Starbucks Rewards NFTs? The Coffee Giant Will Announce Details Next Month | Food & Wine

Brewer နဲ့ Brotman က “ NFT Collection Series တွေကို ဖန်တီးဖို့ စီစဉ်နေပြီး ပိုင်ဆိုင်သူဟာ Community Membership ကို ရရှိမှာ ဖြစ်သလို အတွေ့အကြုံ အသစ်တွေကို အရင်ဆုံး ခံစားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Collection ရဲ့ Theme တွေကို Starbucks ရဲ့ အနုပညာ ဖော်ပြချက်တွေ၊ နာမည်ကြီး ကုမ္ပဏီတွေနဲ့ ကမ္ဘာ့အဆင့် ပူးပေါင်းမှုတွေနဲ့ ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီနှစ် နှောင်းပိုင်းမှာ အဲဒီ NFT တွေကို ဖြန့်ချိမှာပါ။ “ လို့ ရေးသားထားပါတယ်။

Starbucks ရဲ့ NFT တွေကို လူတွေ အလိုရှိကြမလားဆိုတာ မေးစရာရှိပါတယ်။ ဇန်နဝါရီလမှာ Chainalysis ရဲ့ လေ့လာဆန်းစစ်သူတွေဟာ ၁၀ လအတွင်း Cryptocurrency အသုံးပြုသူ သန်း ၃၀၀ ကျော်ရှိပေမယ့် NFT ပိုင်ဆိုင်သူ ၃၆၀,၀၀၀ ပဲရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Ref : foodandwine