Starbucks လို့ ဆိုလိုက်တာနဲ့ ကော်ဖီစျေးကွက်ထဲမှာ နာမည်အကြီးဆုံးကုမ္ပဏီတစ်ခုဆိုတာကိုတော့ လူတိုင်းသိကြမှာပါ။ အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Starbucks ကုမ္ပဏီဟာ NFT စျေးကွက်ထဲကို ဝင်ရောက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

အခုသတင်းကိုတော့ လက်ရှိ Starbucks ကုမ္ပဏီကို Interim CEO အနေနဲ့ တာဝန်ယူထားတဲ့ Howard Schultz ကိုယ်တိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ သူဟာ မကြာသေးခင်တုန်းက Kevin Johnson ရဲ့ နေရာကို လွှဲပြောင်းရယူထားတာဖြစ်ပြီး Starbucks ကုမ္ပဏီကို ဆယ်စုနှစ် ၂ စုကျော် ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Starbucks ဟာ ယခု ၂၀၂၂ ခုနှစ်မကုန်ခင်မှာ NFT စျေးကွက်ထဲကို ဝင်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Starbucks ဟာ ဘယ်လိုမျိုး ပုံစံနဲ့ဝင်ရောက်လာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Howard Schultz ကတော့ သူဟာ Digital ပိုင်းကို လုံးဝတက်ကျွမ်းနားလည်သူတစ်ဦးမဟုတ်ပေမယ့်လည်း NFT တွေကို လေ့လာနေတာအချိန်ကြာမြင့်နေပြီလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း တခြားသော စားသောက်ကုန်ကုမ္ပဏီတွေဖြစ်တဲ့ Taco Bell နဲ့ Papa Johns တို့က NFT စျေးကွက်ကို ဝင်ရောက်နေပြီဖြစ်သလို တခြားသော နယ်ပယ်အသီးသီးက ကုမ္ပဏီတွေ၊ Celebrity တွေနဲ့ Influencer တွေကလည်း NFT ကို ဆောင်ရွက်နေတာကြောင့် အခုလိုမျိုး Starbucks အနေနဲ့ NFT စျေးကွက်ထဲကို ဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

NFT တဖြစ်လဲ Non-fungible Token တွေဟာ Digital ပိုင်းဆိုင်ရာ စုဆောင်းမှုတွေဖြစ်ပြီး ဖန်တီးသူနဲ့ သမိုင်းကြောင်းပေါ်မှုတည်ပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ သန်းချီပြီး တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။

Ref – Geek Wire