Starbucks က Customers တွေ ဒစ်ဂျစ်တယ် Collectible ပစ္စည်းတွေကို ဝယ်ယူနိုင်ပြီး တစ်မူထူးခြားတဲ့ ကော်ဖီ အတွေ့အကြုံတွေကို ခံစားနိုင်မယ့် Web3 အခြေပြု ဒစ်ဂျစ်တယ် Community အသစ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

Starbucks Officially Jumps Into NFTs, Web3 With 'Odyssey' Platform Image

မေလမှာ ကြေညာခဲ့တဲ့ Odyssey ကနေ Starbucks Rewards Members နဲ့ ဝန်ထမ်းတွေကို Non-fungible Token (NFT) တွေကို ရရှိနိုင်တဲ့ အမျိုးမျိုးသော Activity တွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ ဂိမ်းတွေကို အောင်မြင်အောင် ကစားနိုင်ရင် ဒစ်ဂျစ်တယ် Collectible တွေကို ဆု အဖြစ်ပေးမှာ ဖြစ်ပါတယ်။

Is Starbucks' Exclusive NFT Loyalty Program a Brewing Disaster?

NFT တွေကို Member တွေအကြားမှာ အရောင်းအဝယ် ပြုလုပ်နိုင်မှာ ဖြစ်ပြီး NFT ပိုင်ဆိုင်သူတွေဟာ Virtual Espresso Martini ပြုလုပ်နည်း သင်တန်းကို တက်ရောက်နိုင်မှာ ဖြစ်သလို အထူးပွဲအခမ်းအနားတွေကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Starbucks ရဲ့ ကော်စတာရီတာရှိ Hacienda Alsacia ကော်ဖီစိုက်ခင်းကိုလည်ပတ်နိုင်မှာပါ။

Starbucks ရဲ့ CMO ဖြစ်သူ Brady Brewer က “ Starbucks ဟာ ကော်ဖီကို နှစ်သက်ကြသူတွေရဲ့ နေအိမ်နဲ့ အလုပ်အကြားမှာ ပေါင်းကူးပေးတဲ့ တတိယနေရာ အဖြစ် ရပ်တည်မှာ ဖြစ်ပါတယ်။ Starbucks Odyssey ဟာ ဒစ်ဂျစ်တယ် ကမ္ဘာကို ချိတ်ဆက်ပေးမယ့် တတိယ နေရာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : pcmag