တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အမျိုးသားတက္ကသိုလ် (SNU) က ပါမောက္ခ Seung Hwan Ko ဦးဆောင်တဲ့ အဖွဲ့ဟာ အရေပြားပေါ်မှာ ပလာစတာတစ်ခုလို ကပ်ထားရုံနဲ့ သွေးပေါင်ချိန်ကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်မယ့် အီလက်ထရောနစ်ပစ္စည်းအသစ်တစ်ခုကို အောင်မြင်စွာ တီထွင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Stretchable skin patch delivers hospital-grade blood pressure monitoring on the go

လက်ရှိအသုံးပြုနေတဲ့ လက်မောင်းမှာပတ်ပြီး လေဖြည့်တိုင်းတာရတဲ့ သွေးပေါင်ချိန်တိုင်းကိရိယာတွေနဲ့မတူဘဲ၊ ဒီနည်းပညာသစ်ဟာ သေးငယ်ပြီး ပျော့ပျောင်းတဲ့ အီလက်ထရောနစ်ပြား (patch) တစ်ခုကို အသုံးပြုထားပါတယ်။

New skin patch brings us closer to wearable, all-in-one health monitor

ဒီပစ္စည်းကို လက်ကောက်ဝတ်မှာ ကပ်ထားရုံနဲ့ သွေးပေါင်ချိန်ပြောင်းလဲမှုတွေကို အချိန်မရွေး၊ နေရာမရွေး စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒီကိရိယာဟာ မူလအလျားရဲ့ ၇၀၀% အထိ ဆွဲဆန့်တာနဲ့ အကြိမ် ၁၀,၀၀၀ ကျော် ဆွဲဆန့်တာတွေကို ခံနိုင်ရည်ရှိပါတယ်။  အထူးသဖြင့် “တိတ်တိတ်လေးသတ်နေတဲ့ လူသတ်သမား” လို့ တင်စားခေါ်ဝေါ်ကြတဲ့ သွေးတိုးရောဂါလို နာတာရှည်ရောဂါရှိသူတွေအတွက် သူတို့ရဲ့လက်ရှိအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်နိုင်တာကြောင့် အလွန်အသုံးဝင်တဲ့ နည်းပညာတစ်ခု ဖြစ်လာမှာပါ။

ပါမောက္ခ Seung Hwan Ko က “ဒီသုတေသနဟာ သွေးပေါင်ချိန်တိုင်းတာရတာ အဆင်မပြေဘူး၊ တစ်နေ့တစ်ကြိမ်တိုင်းရင် လုံလောက်ပြီဆိုတဲ့ အယူအဆဟောင်းကို စိန်ခေါ်လိုက်တာပါ။ ဒီနည်းပညာဟာ အထူးကြပ်မတ်ကုသဆောင်တွေမှာ လူနာစောင့်ကြည့်တာ အပါအဝင် နယ်ပယ်များစွာမှာ အသုံးဝင်တဲ့ ကိရိယာတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref : Interesting Engineering