အင်ဒိုနီးရှားက ကောလိပ် ကျောင်းသား Ghozali Ghozalo ဟာ လူကြိုက်များတဲ့ NFT Collection ၁ ခုကို ဖန်တီးနိုင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အရောင်းအဝယ်များစွာ ဖြစ်ခဲ့ပါတယ်။ Ghozali ရဲ့ NFT Collection ထဲမှာ ၄ နှစ်အတွင်း သူကိုယ်တိုင် ရိုက်ကူးထားတဲ့ Selfie ဓါတ်ပုံတွေ ပါဝင်ပါတယ်။ သူက “ ကျွန်တော် အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အတွင်း Selfie ဓါတ်ပုံများစွာ ရိုက်ကူးခဲ့ပါတယ်။ အခု NFT Collection တွေဟာ ကွန်ပြူတာ အရှေ့မှာ ထိုင်နေတဲ့ ကျွန်တော့်ရဲ့ ကိုယ်တိုင်ရိုက် ဓါတ်ပုံတွေ ဖြစ်ပါတယ်။ “ လို့ OpenSea က ပရိုဖိုင်မှာ ရေးသားထားပါတယ်။

Ghozali Everyday: Indonesian man with US$1 million selfies an unlikely NFT  star | Coconuts

သူ့ရဲ့ NFT Collection မှာ ဓါတ်ပုံ ၉၃၃ ပုံ ပါဝင်ပြီး မူလတုန်းက ကျောင်းအတွက် အသုံးပြုဖို့ ရည်ရွယ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Ghozali က အဲဒီ ဓါတ်ပုံတွေကို Non-fungible Token အဖြစ် အသွင်ပြောင်းခဲ့ပြီး ဒီတစ်ပတ် အစောပိုင်းမှာ OpenSea NFT ဈေးကွက်မှာ ရောင်းချခဲ့ပါတယ်။ အဲဒီ Collection ကို Ghozali Everyday လို့ နာမည်ပေးထားပြီး ၂၀၂၁ ခုနှစ် မတ်လမှာ ဒေါ်လာ ၆၉ သန်းနဲ့ Christie ကနေ ရောင်းချခဲ့တဲ့ Beeple ရဲ့ Everydays: The First 5000 Days NFT ကို အတုခိုးထားတာ ဖြစ်နိုင်ပါတယ်။

Ghozali ဟာ ဒီလ ၉ ရက်နေ့မှာ NFT ၁ ခုကို ၃ ဒေါ်လာနဲ့ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး အခုဆိုရင် NFT ၁ ခုရဲ့ ကြမ်းခင်းဈေးဟာ 0.4 ETH ( ၁,၃၅၀ ဒေါ်လာ) အထိ ရှိလာပါပြီ။ NFT Collection ၁ ခုလုံးရဲ့ တန်ကြေးဟာ 277 ETH ( ဒေါ်လာ ၉၃၅,၉၇၅ ) ရှိလာပြီ ဖြစ်ပြီး မကြာခင်မှာ ဒေါ်လာ ၁ သန်းကျော်သွားတော့မှာ ဖြစ်ပါတယ်။

Ghozali ရဲ့ NFT Collection ကို အင်ဒိုနီးရှားရဲ့ ဆယ်လီ စားဖိုမှူး Arnold Poernomo နဲ့ ဖိနပ်လုပ်ငန်းရှင် Jeffry “Jejouw” Jouw တို့က အရောင်းမြှင့်တင်ပေးခဲ့ကြပါတယ်။ Ghozali ရဲ့ NFT Collection အသစ်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ရင်းနှီးမြှပ်နှံသူတွေကို ပိုမို စွဲဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။

Ref : cryptobriefing