လာမဲ့နှစ်တွေမှာ Electric vehicles တွေဟာ အရှိန်အဟုန်နဲ့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ရပါတယ်။ ခရီးသည်တင် ယာဉ်လောကအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာမယ်လို့လည်း ဆိုနိုင်ပါတယ်။

EV တွေအတွက် အဓိကစိန်ခေါ်မှုက လောင်စာသုံးယာဉ်တွေ နေရာအတော်မျာများမှာ လောင်စာဆီဖြည့်တင်းနိုင်သလို အဝေးပြေးလမ်းမကြီးတွေမှာ အားသွင်းနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ အားသွင်းချိန်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တီထွင်သူတွေက တစ်ဆင့်ထက်တစ်ဆင့်မြင့်အောင် ကြိုးစားတီထွင်နေကြတာကို တွေ့နေရပါတယ်။

ဆွီဒင်မှာတော့ လျှပ်စစ်ကားတွေကို မောင်းနေရင်းနဲ့ အားသွင်းပေးနိုင်တဲ့ လမ်းတွေ တည်ဆောက်နေ ပြီလို့ သိရပါတယ်။ အဲဒီလမ်းကို “E-motorway” နာမည်ပေးထားပြီး လာမဲ့ ၂၀၂၅ ခုနှစ်မှာ စတင် ဖွင့်လှစ်နိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ “E-motorway” ကို Hallsberg နဲ့ Orebro မြို့ကြားက ဥရောပလမ်း E20 တစ်လျှောက် တည်ဆောက်မှာဖြစ်ပြီး လမ်းအရှည်က ၂၁ ကီလိုမီတာ (၁၃ မိုင်) ရှည်လျှားမှာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်အရ အဆိုပါလမ်းပိုင်းဟာ ဆွီဒင်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးမြို့တော်သုံးခုဖြစ်တဲ့ Stockholm, Gothenburg နဲ့ Malmo မြို့ တွေကြားမှာ ရှိတယ်လို့ သိရပါတယ်။

ဆွီဒင် သယ်ယူပို့ဆောင်ရေးက ထုတ်ပြန်ချက်အရ ဒီအားသွင်းလမ်းတွေကို Conductive ဒါမှမဟုတ် Inductive charge system အသုံးပြုသွားမယ်လို့ သိရပါတယ်။ Conductive charging system ကတော့ စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Wireless charging လိုပုံစံမျိုး Built-plate ဆီကို ကြိုးမဲ့နည်းနဲ့ အားသွင်းပေးမှာ ဖြစ်ပါတယ်။

Inductive ကတော့ Underground cables တွေကတစ်ဆင့် လျှပ်စစ်ဓာတ်အားတွေကို EV ရဲ့ Pickup coils တွေဆီကို ပို့ဆောင်ပေးမယ့် နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ ၂၁ ကီလိုမီတာအတွင်း မောင်းနှင်နေတဲ့ EV တစ်စီးအနေနဲ့ ဘယ်ပမာဏလောက် အားပမာဏကို လက်ခံရယူနိုင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘယ်နည်းလမ်းပဲဖြစ်ဖြစ် အဆိုပါလမ်းပေါ်မှာမောင်းနှင်မဲ့ Gas-power သုံး ယာဉ်တွေကို အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုမျိုး ဖြစ်ပေါ်စေမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

Ref: extremetech