ဆွီဒင်နည်းပညာကုမ္ပဏီ Einride က ဘယ်လ်ဂျီယံနိုင်ငံရဲ့ အများပြည်သူသုံးလမ်းမပေါ်မှာ လုံးဝမောင်းသူမဲ့ ကုန်တင် လျှပ်စစ်ထရပ်ကားတစ်စီးကို ပထမဆုံးအကြိမ်အဖြစ် မောင်းနှင်ပြသခဲ့ပါတယ်။

Einride autonomous truck on the road in Belgium

ဒီသရုပ်ပြမောင်းနှင်မှုကို ဘယ်လ်ဂျီယံနိုင်ငံရဲ့ စည်းမျဉ်းတွေနဲ့အညီ Port of Antwerp-Bruges မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ဥရောပရဲ့ မောင်းသူမဲ့ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

First-ever autonomous truck ride in Belgium at Port of Antwerp-Bruges |  AJOT.COM

Level 4 အဆင့်ရှိတဲ့ အဲဒီမောင်းသူမဲ့ထရပ်ကားကို သမားရိုးကျ ဒီဇယ်ထရပ်ကားတွေထက် ကာဗွန်ထုတ်လွှတ်မှုနည်းပြီး ကုန်စည်တွေကို ထိထိရောက်ရောက် သယ်ယူပို့ဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

အဲဒီထရပ်ကားမှာ 320 kWh ဘက်ထရီကို တပ်ဆင်ထားပြီး စွမ်းအင်ချွေတာတဲ့ မော်တာတွေ၊ လေခွင်းအားကောင်းတဲ့ ဒီဇိုင်းနဲ့ စမတ်ကျတဲ့ မောင်းသူမဲ့ဆော့ဖ်ဝဲတွေကြောင့် တစ်ခါအားသွင်းရုံနဲ့ ကီလိုမီတာ ၆၅၀ အထိ မောင်းနှင်နိုင်ပါတယ်။

ဒီအောင်မြင်မှုက မောင်းသူမဲ့ကုန်စည်ပို့ဆောင်ရေး နည်းပညာတိုးတက်မှုမှာ Einride ကုမ္ပဏီနဲ့ ဥရောပတိုက်တစ်ခုလုံးက ဘယ်လိုဦးဆောင်သွားနိုင်တယ်ဆိုတာကို ပြသနေပါတယ်။

Ref : Technology Innovation