SwiftKey Keyboard ဟာ စမတ်ဖုန်းအသုံးပြုတွေကြားထဲမှာ လူသုံးများတဲ့ Keyboard တစ်ခုဖြစ်ပါတယ်။ အဓိကအားသာချက်တစ်ခုက နောက်ထပ်ရိုက်မယ့် စကားလုံးကို AI နည်းပညာကို အသုံးပြုပြီး အကောင်းဆုံးခန့်မှန်းနိုင်တာကြောင့် အခုလို အသုံးပြုမှုများပြားတာဖြစ်ပါတယ်။

SwiftKey Keyboard ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Microsoft ကနေ ဒေါ်လာ သန်း ၂၅၀ ဝန်းကျင်နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ SwiftKey Keyboard ဟာ ယခင်ထက် Feature တွေပိုမိုစုံလင်လာတယ်လို့ ပြောနိုင်ပါတယ်။

အခုလည်း SwiftKey Keyboard အတွက် Microsoft ကနေ နောက်ဆုံးပေါ် AI နည်းပညာတွေကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ Microsoft ရဲ့ ChatGPT ပြိုင်ဘက်ဖြစ်တဲ့ Bing AI Chatbot ကို SwiftKey Keyboard မှာ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

လောလောဆယ်မှာ SwiftKey Beta Version အသုံးပြုသူတွေအနေနဲ့ Keyboard ရဲ့ အပေါ်ဘက်က ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် Bing Chat AI ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ AI ကို အသုံးပြုပြီး Text Message တွေရေးခိုင်းတာ၊ Email ပို့ခိုင်းတာတွေအပြင် ပုံမှန် Bing Chat AI ကို ခိုင်းစေနိုင်တဲဲ့ Feature တွေအကုန်လုံးကို ခိုင်းစေနိုင်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာ အခု Bing Chat AI Feature ကို Android Version အတွက်ပဲ ထုတ်ပေးထားပြီး နောက်ပိုင်းမှ iOS အတွက် Update ပြုလုပ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China