ဆွစ်ဇာလန်လူမျိုး လေယာဉ်မှူး ရာဖာအဲလ် ဒွန်ဂျန် (Raphael Domjan) ဟာ ဆိုလာစွမ်းအင်သုံး လျှပ်စစ်လေယာဉ်နဲ့ အမြင့်ပေ ၉,၅၂၁ မီတာ (ပေပေါင်း ၃၁,၂၃၇) အထိ ပျံသန်းပြီး ကမ္ဘာ့အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်သစ်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သူ့ရဲ့အဖွဲ့က ဒီလ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Bangkok Post - Swiss pilot breaks solar-powered plane altitude record

SolarStratos လို့အမည်ရတဲ့ အဲဒီလေယာဉ်ဟာ ဆွစ်ဇာလန်နိုင်ငံအနောက်တောင်ပိုင်းက စီယွန် (Sion) လေဆိပ်ကနေ ၁၂ ရက်နေ့က ပျံတက်ခဲ့တာပါ။ လေယာဉ်မှူးဟာ ၁၅ နှစ်ကြာတည်ရှိနေခဲ့တဲ့ စံချိန်ဟောင်းကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

ဆိုလာလေယာဉ်တစ်စင်းအတွက် တရားဝင်အသိအမှတ်ပြုထားတဲ့ အမြင့်ဆုံးစံချိန်ဟောင်းကတော့ ၉,၂၃၅ မီတာ (ပေ ၃၀,၂၉၈) ဖြစ်ပါတယ်။

Swiss pilot takes big step closer to solar plane altitude record

ဒီအောင်မြင်မှုဟာ “လူသားတွေနဲ့ နည်းပညာရဲ့ ကြီးကျယ်တဲ့စွန့်စားခန်းတွေကို သတ်မှတ်ပေးတဲ့ မမေ့နိုင်တဲ့ ထိပ်တန်းအောင်မြင်မှုတွေထဲက တစ်ခုဖြစ်တယ်” လို့ SolarStratos မစ်ရှင်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒွန်ဂျန်ရဲ့ စံချိန်တင်ပျံသန်းမှုဟာ ၅ နာရီနဲ့ ၉ မိနစ် ကြာမြင့်ခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စူးစမ်းရှာဖွေသူ” တစ်ဦးဖြစ်တဲ့ ဒွန်ဂျန်က “ဒီအောင်မြင်မှုအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ကြတဲ့ လူအားလုံးနဲ့အတူ ဒီပျော်ရွှင်တဲ့အခိုက်အတန့်ကို ကျွန်တော်မျှဝေခံစားပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီအချက်အလက်တွေကို ကမ္ဘာ့လေကြောင်းအားကစားအဖွဲ့ချုပ် (World Air Sports Federation) ဆီ ပေးပို့သွားမှာဖြစ်ပြီး အဲဒီအဖွဲ့က စံချိန်သစ်ကို အတည်ပြုမလားဆိုတာ ဆုံးဖြတ်သွားမှာပါ။

Ref: Bangkokpost