ဆွစ်ဇာလန် က ရထားလမ်းတွေကို ကြီးမားတဲ့ Solar Power Plant အဖြစ်အသွင်ပြောင်းနေပါတယ်။

Switzerland turns train tracks into solar power plants : r/energy

သန့်ရှင်းပြီး ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုဖို့ ရည်ရွယ်ထားပြီး ဆွစ်ဇာလန် ကုမ္ပဏီ Sun-Ways က ရထားလမ်းတွေမှာ ဖြုတ်တပ် နိုင်တဲ့ Solar Panel တွေကို တပ်ဆင်နေပါတယ်။ အဲဒီ Panel တွေကို ရထားသံလမ်း ၂ ခုအကြားမှာ တပ်ဆင်နေပြီး ရထားရဲ့ အလေးချိန်နဲ့ တုန်ခါမှုကို ခံနိုင်ပါတယ်။ ရထား ခရီးလမ်းကြောင်းကိုလည်း မထိခိုက်စေပါဘူး။

Solar power project hits the rails with between-track panel pilot

ရထားလမ်း တစ်ကီလိုမီတာမှာ တပ်ဆင်ထားတဲ့ Solar Panel တွေဟာ နေအိမ် ဒါဇင်နဲ့ချီကာ လုံလောက်တဲ့ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆွစ်ဇာလန်မှာ Solar Panel တွေ တပ်ဆင်နိုင်တဲ့ ရထားလမ်း ၅,၀၀၀ ကီလိုမီတာကျော် ရှိပါတယ်။

အဲဒီ Panel တွေကို ပြုပြင်ထိန်းသိမ်းဖို့ အတွက် လွယ်ကူစွာ ဖြုတ်တပ်နိုင်ပြီး ဆွစ်ဇာလန်ဟာ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦးမှာ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို ထုတ်လုပ်တဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဖြစ်လာပါတယ်။

Ref : Techworm