ဒီတစ်ခါတော့ AI က တော်တော်ကြမ်းသွားပြီ။ ဆွစ်ဇာလန်မှ Lucerne ရှိ သမိုင်းဝင် Peter’s Chapel Church ကျောင်းမှာ Decus in Machina လို့ အမည်ပေးထားတဲ့ AI Jesus ကို ဖန်တီးထားပါတယ်။ ဒစ်ဂျစ်တယ် Avatar ပုံစံ ဖြစ်ပြီး အပြစ်ဝန်ခံတဲ့ အခန်း (Confessional Booth) မှာ ထားရှိပေးထားပါတယ်။ AI Jesus ဟာ ဘာသာစကား ၁၀၀ ကို ပြောနိုင်ပြီး လာရောက်သူတွေရဲ့ မေးခွန်းတွေကိုဖြေကြားနိုင်ပါတယ်။

AI Jesus In Switzerland: From Cross to Code | Futurism

အဲဒီ ထူးခြားတဲ့ AI Jesus ကြောင့် Church ကို လာရောက်သူ ၁,၀၀၀ ကျော်သွားပါပြီ။ အဲဒီအထဲမှာ နိုင်ငံတကာ ခရီးသွားတွေနဲ့ ဘာသာခြားတွေလည်း ပါပါတယ်။ တချို့ကတော့ ဒီတီထွင်ဆန်းသစ်မှုကို ချီးကျူးကြပြီး တချို့ကတော့ မြင့်မြတ်တဲ့ နေရာနဲ့ Jesus အမည်ခံထားတာကို သဘောမကျကြပါဘူး။

St. Peter's Chapel, Lucerne , Switzerland.

လည်ပတ်သူတွေကို AI Jesus အား ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ မပေးဖို့ အကြံပေးထားပါတယ်။ AI ဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ သင့်ရဲ့ အတွင်းရေးတွေကို ဖော်ကောင်လုပ်ချင်လည်း လုပ်မှာပါ။ မကြာသေးခင်ကလည်း Google Gemini AI ဟာ User ကို သတ်သေခိုင်းတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါသေးတယ်။

AI ရဲ့ စွမ်းရည်ဟာ ဒီနှစ်တွေအတွင်း တော်တော်တိုးတက်လာပြီ ဖြစ်ပြီး နယ်ပယ်မျိုးစုံမှာ အသုံးချနေကြပါတယ်။ အခုတော့ ခရစ်ယာန်တွေရဲ့ အကြီးမြတ်ဆုံး ဖြစ်တဲ့ Jesus အတွက် AI တောင် ထွက်ပေါ်လာပါပြီ။

Ref : Technology Innovation