ရန်ကုန်မြို့၏ ဦးဆောင် ကြော်ငြာအေဂျင်စီဖြစ်သည့် Synapse Original က COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို တုန့်ပြန်သည့်အနေဖြင့် ပြည်သူများအတွက် ၎င်းတို့၏ အသိပညာဗဟုသုတများ၊ ကျွမ်းကျင်မှုများကို ဝေမျှပေးသွားမည့် မိနစ် ၃၀ စာ အခမဲ့အွန်လိုင်းသင်တန်း Synapse Sessions ကို စတင် မိတ်ဆက်ခဲ့သည်။

Synapse Original ၏ အကြီးတန်းစီမံခန့်ခွဲသူများက ဈေးကွက်ချဲ့ထွင်ခြင်း၊ ကြော်ငြာခြင်း၊ အသင်းအဖွဲ့ကို စီမံခန့်ခွဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး နှင့် ဆန်းသစ်တီထွင်ခြင်း စသည့် နယ်ပယ်ပေါင်းများစွာရှိ ၎င်းတို့၏ ကျွမ်းကျင်မှုများကို စိတ်ဝင်စားသူတိုင်း လေ့လာနိုင်စေရန် မိနစ် (၃၀) အတွင်း မျှဝေပေးသွားမည်ဖြစ်သည်။ အခမဲ့တင်ဆက်မှုများလေ့လာနိုင်မည့် လင့်ခ်ကို အပတ်စဉ် အင်္ဂါနေ့ညနေ ၄:၃၀ နာရီတွင် ပေးအပ်သွားမည်ဖြစ်သည်။

ယခုတပတ်အတွက် တင်ဆက်မှုကို Digital Marketing Manager ဖြစ်သူ Eunille Santos က စက်တင်ဘာလ ၈ ရက်နေ့တွင် တိုက်ရိုက်ဆွေးနွေးပေးသွားမည်ဖြစ်သည်။ Mr Santos က ဆိုရှယ်မီဒီယာပလက်ဖောင်းအသစ် TikTok နှင့် ပတ်သက်၍ အလေးပေးပြောကြားပေးသွားမည်ဖြစ်ပြီး အာရှ၏ ဒုတိယမြောက် လူသုံးအများဆုံး နိုင်ငံဖြစ်သည့် မြန်မာနှင့် ကိုက်ညီမည့် အကြောင်းအရာများကို တင်ဆက်ပေးသွားမည်ဖြစ်သည်။ အဆိုပါ လက်တွေ့ပို့ချပေးမည့် သင်ခန်းစာတိုသည် နိုင်ငံတကာ နှင့် ပြည်တွင်းတွင် လက်တွေ့ ဆောင်ရွက်အောင်မြင်ခဲ့သည့် ကမ်ပိန်းများကို အခြေခံ ဥပမာပြုကာ ဆွေးနွေးသွားမည်လည်း ဖြစ်သည်။ တက်ရောက်လေ့လာသူများအနေဖြင့် လူအများပါဝင်လာစေမည့် အကြောင်းအရာများ၊ ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေရန် ဆောင်ရွက်ခြင်းများ၊ တင်ဆက်မှုများ အကြောင်းကို မြန်မာနိုင်ငံတွင် NIVEA နှင့် Samsung တို့အတွက် Synapse Original က တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့် ကမ်ပိန်းများအပေါ် အခြေခံကာ လေ့လာနိုင်မည်ဖြစ်သည်။

“TikTok မှာ ကြော်ငြာကဏ္ဍအတွက် အရမ်းအလားအလာကောင်းတဲ့ အခွင့်အရေးတွေရှိတယ်။ influencerတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့ရဲ့ personal branding ကို ဒီပလက်ဖောင်းပေါ်မှာ အများကြီးမြှင့်လို့ရတယ်။ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့အတွက် GenerationZ က လူငယ်တွေနဲ့ အထိအတွေ့ရချင်တယ်ဆိုရင် ဒီပလက်ဖောင်းကို သုံးသင့်ပါတယ်။ ဒါတွေကို မစခင်မှာတော့ ပလက်ဖောင်းရဲ့အလုပ်လုပ်ပုံ၊ မြန်မာနိုင်ငံမှာရှိတဲ့ ဈေးကွက်ရဲ့ တမူထူးခြားတဲ့ ပုံစံတွေ၊ ကိုယ့်ရဲ့ကမ်ပိန်းကို မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် ပြင်ဆင်တာတွေကို ကြိုပြီးနားလည်ထားဖို့က အောင်မြင်တဲ့ကမ်ပိန်းတစ်ခုဖြစ်လာဖို့အတွက် အရေးကြီးတဲ့အချက်တွေပါပဲ။” ဟု Mr Santos က ပြောကြားသည်။

Synapse Original က အဆိုပါ အခမဲ့သင်တန်းများမှ တဆင့် ခေတ်မီနည်းပညာဗဟုသုတများ၊ ကျွမ်းကျင်မှုများ မျှဝေပေးခြင်းဖြင့် ပြည်သူများအတွက် ၎င်းတို့၏ သက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ကျွမ်းကျင်မှုများ တိုးတက်လာစေရန် မျှော်လင့်သည်။ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်လျက်ရှိသည့်ကာလတွင် အေဂျင်စီက ကြော်ငြာကဏ္ဍ နှင့် အခြားသော သက်ဆိုင်ရာကဏ္ဍများတွင် ပိုမိုကျွမ်းကျင်ကာ ကိုယ်တိုင်လုပ်ဆောင်နိုင်ကြစေရန် ကြိုးပမ်းနေသူများအတွက် အထောက်အကူတစ်ခု ဖြစ်စေရန်လည်း မျှော်လင့်သည်။

“ Synapse Original မှာတော့ အမြဲတိုးတက်နေအောင် လုပ်ဆောင်ခြင်းက အောင်မြင်မှုရဲ့ တစ်ခုတည်းသော လမ်းစပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းတွင်းမှာ ကျင့်သုံးနေတဲ့ ခံယူချက်ဖြစ်ပြီးတော့ ပိုပြီးတွင်ကျယ်စေချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တဖြည်းဖြည်းကျယ်ပြန့်လာနေတဲ့ဈေးကွက်ထဲမှာ နေထိုင်အလုပ်လုပ်နေရတဲ့အခါ အရာအားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ ချိတ်ဆက်နိုင်ဖို့က ပိုပြီးအရေးကြီးလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စီမံခန့်ခွဲမှုအဖွဲ့က သူတိုရဲ့ တကယ့်အတွေ့အကြုံတွေကို ဝေမျှပေးမယ့် မိနစ် (၃၀) စာ သင်တန်းလေးကို စပြီး အကောင်အထည်ဖော်ခဲ့တာပါ။ ဒီအစီအစဉ်လေးက လူတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာသာမက တစ်ဦးတစ်ယောက်ချင်းရဲ့ကိုယ်ပိုင်ဘဝတွေ စီမံခန့်ခွဲမှုအတွက်ပါ ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု Synapse Original ကို ပူးတွဲတည်ထောင်သူ Mr. Neal Robert က ပြောကြားသည်။

သင်ခန်းစာများအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်မည်ဖြစ်ပြီး သင်ခန်းစာခေါင်းစဉ်များကို Synapse Original ၏ Facebook Page တွင် အပတ်စဉ် ကြေညာပေးသွားမည်ဖြစ်သည်။

စာရင်းသွင်းရန်။ ။http://bit.ly/SynapseSessions2

Source – Synapse Original