T-Mobile က အမေရိကန်မှာ COVID-19 ကူးစက်နေတာကို တိုက်ဖျက်ဖို့အတွက် ပူးပေါင်းပါဝင်လာပါတယ်။ ဒီလို အခြေအနေမျိုးမှာ မိသားစုဝင်တွေဟာ အဆက်အသွယ် အမြဲရနေဖို့ အရေးကြီးတဲ့အတွက် T-Mobile နဲ့ Metro Customers အားလုံးကို ရက်ပေါင်း ၆၀ အထိ မိုဘိုင်း ဒေတာ အကန့်အသတ်မရှိ ပေးသုံးလိုက်ပါတယ်။ Roaming ဒေတာတော့ မပါဘူးလို့ သိရပါတယ်။

အဲဒီ Customers တွေဟာ 20GB Hotspot ဒေတာကိုလည်း ရရှိမှာ ဖြစ်ပြီး EmpowerED Learning Program မှာ ပါတဲ့ ကျောင်းသားတွေဟာ ရက်ပေါင်း ၆၀ အထိ အပို 20GB ဒေတာကို ရကြမှာပါ။ T-Mobile က အဆင့် ၃ ကူးစက်မှုရှိနေတဲ့ နိုင်ငံတွေက မိသားစုဝင်တွေ အတွက် Long Distance Fees ကို မယူဘဲ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အဲဒီနိုင်ငံတွေထဲမှာ China, Iran, South Korea နဲ့ ဥရောပနိုင်ငံအားလုံး ပါပါတယ်။

T-Mobile က Customers တွေ ဗိုင်းရက်စ် မကူးအောင် သူ့ရဲ့ စတိုးတွေမှာ ပိုးသတ်တဲ့ လုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ အွန်လိုင်းကနေ ဖုန်း ဝယ်ယူသူတွေအတွက် ၂ ရက်အတွင်း အခမဲ့ ပို့ဆောင်ပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ငွေကြေးကြပ်တည်းနေရင် ကုမ္ပဏီကို ဖုန်းဆက်သွယ်ဖို့အတွက် Customers တွေကို တိုက်တွန်းထားပါတယ်။

Ref : gsmarena