အခု ၂၀၂၀ ခုနှစ်ဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံးမှာ ပြောင်းလဲမှုတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာလည်း အနည်းနဲ့အများထိခိုက်မှုတွေရှိခဲ့သလို အဓိကပြောင်းလဲမှုအနေနဲ့ အလုပ်အကိုင်အများစုကို အိမ်ကနေပဲ အလုပ်လုပ်ဖို့အတွက် ပြောင်းလဲမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာလည်း စျေးကွက်သုံးသပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys ကနေ နောက်နှစ်အတွက် ခန့်မှန်းချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ပြောကြားချက်မှာတေ့ာ PC နဲ့ Tablet တွေရဲ့ ရောင်းအားဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ၁.၆၄ ဘီလီယံပဲ ရှိခဲ့တာကနေ လာမယ့် ၂၀၂၁ ခုနှစ်အကုန်ပိုင်းမှာ ၁.၇၇ ဘီလီယံအထိ တိုးတက်သွားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ IDC Research ရဲ့ Analyst တစ်ဦးဖြစ်တဲ့ Ryan Reith ကနေ အဆိုပါ Tablet ၊ PC နဲ့ Laptop တွေရောင်းအားဟာ တကမ္ဘာလုံးမှာ ၂၀၂၂ ခုနှစ်အထိ ဆက်တိုက်ရောင်းအားကောင်းနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကလည်း ကျောင်းတွေအပြင် လုပ်ငန်းတွေအတွက်ပါ လိုအပ်တဲ့ Demand က ဆက်တိုက်မြင့်မားနေတာကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် Tablet ရောင်းအားမြင့်မားလာမယ့် အကြောင်းပြချက်တစ်ခုကတော့ Apple ကနေ လာမယ့်နှစ်မှာ Touch ID ၊ A13 Bionic Chip ပါဝင်တဲ့ Entry Model iPad ကို စျေးနှုန်း $299 နဲ့ ရောင်းချသွားဖို့စီစဥ်ထားတဲ့အပြင် OLED Display ၊ 5nm A14X Bionic Chip ပါဝင်တဲ့ iPad Pro အသစ်ကိုလည်း မိတ်ဆက်သွားဖို့ ရှိနေတာကြောင့်လို့ ခန့်မှန်းရပါတယ်။ အခုနှစ်မှာ ထွက်ရှိထားတဲ့ iPhone 12 Series ဖုန်းတွေရောင်းအားကောင်းနေသလိုပဲ နောက်နှစ်မှာ iPad အသစ်တွေကလည်း ရောင်းအားကောင်းနေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်ဟာ Tablet တင်မဟုတ်ဘဲ Laptop နဲ့ PC တွေဝယ်ယူဖို့အတွက် အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။

Ref – Phone Arena