Samsung ဟာ နောက်လမှာ Galaxy S24 Series ကို ကြေညာတော့မယ်လို့ ထင်ရပြီး အခုတော့ ရိုးရိုး Galaxy S24 ရဲ့ အရောင် ၄ ရောင် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Onyx Black, Cobait Violet , Marble Gray နဲ့ Amber Yellow အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Blue, Green နဲ့ Orange တို့လို နောက်ထပ် အရောင်တွေလည်း ထွက်လာနိုင်ပြီး Samsung.com ကနေပဲ သီးခြား ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy S24 မှာ ပြားချပ်တဲ့ မျက်နှာပြင် ပါလာပြီး ထောင့်စွန်းတွေက လုံးဝိုင်းပါတယ်။ ပြားချပ်တဲ့ သတ္တု ဖရိမ် တပ်ဆင်ထားပြီး အနောက်ဘက်ကလည်း ပြားချပ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းအရ S24 နဲ့ S24+ မှာ အရင်မျိုးဆက်မှာလို အလူမီနီယမ် ဖရိမ် ပါလာမှာပါ။

အနောက်ကင်မရာ ဒီဇိုင်းက S23 နဲ့ တူညီပြီး ဥရောပ အပါအဝင် တချို့ နိုင်ငံတွေက  S24 မှာ Exynos 2400 SoC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ Snapdragon 8 Gen 3 တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ S24 မှာ 8GB RAM နဲ့ S24+ မှာ 12GB RAM ပါလာမှာပါ။ အခြေခံ မော်ဒယ်မှာ 128GB Storage ထည့်သွင်းထားမှာပါ။

Galaxy S24 မှာ 6.2” 1080×2340 LTPO OLED မျက်နှာပြင် ပါလာပြီး 2,500 Nits Peak Brightness နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားမှာပါ။ 4,000mAh Battery ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက် 100mAh ပိုများလာမှာပါ။ အားသွင်းနှုန်းက 25W ဖြစ်ပြီး 15W Wireless Charging ပါလာမှာပါ။

Ref : gsmarena