ကုန်သည်တွေဟာ သူတို့ရဲ့ iPhone ကို အသုံးပြုပြီး (POS terminal) Point of Sale terminal တစ်ခုအနေနဲ့ အသုံးပြုနိုင်မဲ့ Tap to Pay feature ကို မိတ်ဆက်ပေးမယ်ဆိုတဲ့ ကောလာဟလတွေက အမှန်သတင်းဖြစ်လာပါပြီ။ ဒီဝန်ဆောင်မှုသစ်ကို ဒီနှစ်ကုန်ပိုင်းမှာ စတင်စမ်းသပ်မယ်လို့ သိရပါတယ်။

Tap to Pay ကို iOS software beta နဲ့ အရင်ဦးဆုံး အမေရိကန်မှာ စမ်းသပ်သွားမှာဖြစ်ပြီး Apple Pay (iPhone နဲ့ Apple Watch နှစ်ခုလုံးမှာ) ပံ့ပိုးပေးမယ်လို့ သိရပါတယ်။ Contactless credit, Debit ကတ်တွေနဲ့ အခြား Digital wallet တွေကို နောက်ထပ် Hardware တွေမလိုအပ်ဘဲ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဝန်ဆောင်မှုဟာ Visa, Mastercard, American Express နဲ့ Discover အပါအဝင် ထိပ်တန်းငွေပေးချေမှုကွန်ရက်တွေက Contactless credit နဲ့ Debit ကတ်တွေနဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ Tap to Pay ဟာ ငွေပေးချေမှုပလက်ဖောင်းတွေနဲ့ Developer နှစ်ခုလုံးအတွက် ရရှိမှာဖြစ်ပြီး သူတို့ရဲ့ Apps တွေအတွင်း ပေါင်းစည်းနိုင်မယ်လို့လည်း သိရပါတယ်။

Stripe ဟာ ဒီ နွေရာသီမှာ လုပ်ဆောင်ချက်သစ်ကို ထောက်ပံ့ပေးတဲ့ ပထမဆုံး ပလက်ဖောင်းဖြစ်လာမယ်လို့ Apple က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Tap to Pay နဲ့ သဟဇာတဖြစ်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ကုန်သည်တွေအတွက် ထုတ်ပြန်ခဲ့ပါတယ်။ အသုံးပြုဖို့အတွက်တော့ iPhone XS ဒါမှမဟုတ် ဒီနောက်ပိုင်း Device ကိုလိုအပ်ပြီး iOS app ကို ဆွဲယူထည့်သွင်းတပ်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။

Ref: GSM Arena