Samsung နဲ့ Motorola ကုမ္ပဏီတို့က ဒီနှစ်အတွက် Foldable Phone တွေဖြစ်တဲ့ Motorola Razr နဲ့ Galaxy Z Flip ဖုန်းတွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ဒါပေမယ့် TCL ကတော့ Foldable Phone တင်မဟုတ်တဲ့ နောက်ထပ်အလန်းစား Concept တစ်ခုနဲ့ ဖုန်းအသစ်ကို မိတ်ဆက်တော့မှာပါ။

ဒါကတော့ Slide-out Screen ကို အသုံးပြုလာမယ့် Concept Phone ပဲဖြစ်ပြီး ဒီလိုမျိုး Concept ဟာ စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်လာမှာပါ။ လောလောဆယ်မှာတော့ Teaser ဓါတ်ပုံတွေလည်း ထွက်ရှိလာပြီဖြစ်ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံတွေအရတော့ TCL ရဲ့ Slide-out Screen နဲ့ Concept Phone က ပုံမှန်အသုံးပြုတဲ့အချိန်မှာ စမတ်ဖုန်းတစ်ခုလိုပဲဖြစ်နေပြီးတော့ Tablet တစ်ခုလို သုံးချင်ရင် Screen ရဲ့ ဘယ်ဘက်ကနေ ညာဘက်ခြမ်းကို Slide-out ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Concept ပုံတွေအရတော့ TCL ရဲ့ ဒီ Slide-out Screen ဟာ ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာကို ခန့်မှန်းရခက်နေပါတယ်။

ဘာပဲဖြစ်ဖြစ် Teaser ဓါတ်ပုံတွေအရတော့ TCL ရဲ့ Concept Phone ဟာ Dual Selfie Camera Setup ကို Punch-hole Design နဲ့ ပြုလုပ်ထားပြီး နောက်ကျောဘက်မှာလည်း Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။

အစောပိုင်းတုန်းက TCL ဟာ MWC 2020 Event မှာ ပါဝင်သွားဖို့ရှိတဲ့အတွက် အခု Concept Phone ကို အဆိုပါ Event မှာ ပြသနိုင်ခြေရှိပေမယ့် အခုအချိန်မှာတော့ MWC Event ကို ဖျက်သိမ်းလိုက်တဲ့အတွက် နောက်ပိုင်းမှပဲ တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားဖို့များနေပါတယ်။

Ref – GSM Arena