အမေရိကန်မှာ Stylus ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံး ရောက်ရှိလာပြီ ဖြစ်ပြီး T-Mobile User တွေအတွက်ပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းက TCL Stylus 5G ဖြစ်ပြီး ၂၅၈ ဒေါ်လာပဲရှိတဲ့အတွက် ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Samsung Galaxy S22 Ultra ထက် အများကြီး ဈေးချိုသာပါတယ်။ Samsung ရဲ့ Bluetooth S Pen လောက် စွမ်းရည် မမြင့်မားပေမယ့် TCL Stylus 5G မှာ GIF Creator , Screen Magnification နဲ့ E-Signature ကို သိမ်းဆည်းခြင်းတို့လို Custom Software လုပ်ဆောင်ချက်တချို့ ထည့်သွင်းထားပါတယ်။

TCL Stylus 5G

TCL က MyScript Calculator 2 နဲ့ Nebo Notes တို့လို ဖုန်းရဲ့ Stylus ကို အသုံးချနိုင်တဲ့ App တချို့ကိုလည်း ဖန်တီးပေးထားပါတယ်။

TCL Stylus 5G tries to bring the best of the Galaxy Note - 9to5Google

TCL Stylus 5G မှာ ၆.၈၁ လက်မ LCD FHD+ မျက်နှာပြင်နဲ့ 60Hz Refresh Rate ထည့်သွင်းထားပါတယ်။ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။

MediaTek Dimensity 700 5G Chip မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်ထားကာ 2TB microSD Card စိုက်နိုင်ပါတယ်။ Android 12 မောင်းနှင်ထားပြီး 18W Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

TCL Stylus 5G အတွက် Lunar Black ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး ၂၅၈ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ ၄၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena