AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ အရေးပါတဲ့ data center ကြီးတွေကို လုံခြုံရေးယူဖို့ နည်းပညာကုမ္ပဏီတွေက ထူးခြားတဲ့ နည်းလမ်းတစ်ခုကို သုံးလာကြပါတယ်။ အဲဒါကတော့ နေ့ရောညပါ မနားတမ်း ကင်းလှည့်ပေးမယ့် စက်ရုပ်ခွေးတွေကို အသုံးပြုလာတာပဲ ဖြစ်ပါတယ်။

ခြေလေးချောင်းပါတဲ့ အဲဒီစက်ရုပ်ခွေးတွေဟာ ဝင်ထွက်သွားလာရ ခက်ခဲ ရှုပ်ထွေးတဲ့ နေရာတွေကိုတောင် အလွယ်တကူ သွားလာနိုင်ကြပါတယ်။ ဒါ့အပြင် ရေယိုစိမ့်မှုတွေ၊ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ စက်ပစ္စည်း ချို့ယွင်းချက်တွေကိုပါ ရှာဖွေဖော်ထုတ်နိုင်စွမ်း ရှိပါတယ်။

AI-powered robot dogs guarding reviled data centers is where we have arrived

ပြီးခဲ့တဲ့နှစ်ကစလို့ data center လုပ်ငန်းရှင်တွေကြားမှာ ဒီစက်ရုပ်ခွေးတွေအပေါ် စိတ်ဝင်စားမှု အတော်လေး မြင့်တက်လာခဲ့တယ်လို့ နာမည်ကြီး စက်ရုပ်ကုမ္ပဏီ Boston Dynamics က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဝယ်လိုအားကလည်း မျှော်မှန်းထားတာထက်ကို အများကြီး ပိုများလာတယ်လို့ ဆိုပါတယ်။

စက်ရုပ်ခွေးတစ်ကောင်ရဲ့ တန်ဖိုးက ဒေါ်လာ ၁၇၅,၀၀၀ ကနေ ၃၀၀,၀၀၀ ကြားမှာ ရှိပေမယ့်လည်း လူအင်အား လျှော့ချနိုင်တာရယ်၊ လုပ်ငန်းစွမ်းဆောင်ရည် ပိုကောင်းလာတာရယ်ကြောင့် နှစ်နှစ်အတွင်းမှာပဲ ကုန်ကျစရိတ်ကို ပြန်ကာမိနိုင်မယ်လို့ တွက်ချက်ထားကြပါတယ်။

Ref : Fossbytes