Apple နဲ့ Samsung လို ဖုန်းကုမ္ပဏီကြီးတွေက လုံခြုံရေးပိုင်းမှာ အရင်ကထက် ပိုကောင်းအောင် လုပ်ဆောင်လာပေမယ့် ဟက်ကာတွေ ဝင်ရောက်နိုင်တဲ့ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ လုံခြုံရေးအရ သတိထားသင့်တဲ့၊ ဒါမှမဟုတ် လုံးဝ ပိတ်ထားသင့်တဲ့ setting ၃ ခုကို ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

Public Wi-Fi is convenient but you could be opening yourself up to a security risk (Getty Stock)

ပထမဆုံးအချက်ကတော့ အများသုံး Public Wi-Fi တွေကို အသုံးပြုခြင်း ဖြစ်ပါတယ်။ အပြင်သွားတဲ့အခါ အသုံးပြုရတာ အဆင်ပြေပေမယ့် ဒါဟာ အန္တရာယ်အများဆုံး အပြုအမူတစ်ခု ဖြစ်ပြီး ဟက်ကာတွေက အချက်အလက်တွေကို ခိုးယူတာမျိုး၊ လှည့်ဖြားတာမျိုး လုပ်နိုင်ပါတယ်။ ဒါကြောင့် Public Wi-Fi သုံးတဲ့အခါ ဘဏ်အကောင့်လို အရေးကြီးတဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုတာမျိုး မလုပ်သင့်ပါဘူး။

ဒုတိယအချက်ကတော့ ဖုန်းရဲ့ Bluetooth စနစ် ဖြစ်ပါတယ်။ လူအများရှိတဲ့ နေရာတွေမှာ Bluetooth ဖွင့်ထားမယ်ဆိုရင် မသမာသူတွေက ကိုယ့်ဖုန်းရဲ့ အချက်အလက်တွေကို ရယူနိုင်ဖို့ အခွင့်အရေး ရှိသွားနိုင်ပါတယ်။ ဒါကြောင့် အိမ်ပြင်ထွက်တဲ့အခါ၊ ဒါမှမဟုတ် အသုံးပြုဖို့ မလိုအပ်တဲ့အချိန်တွေမှာ Bluetooth ကို ပိတ်ထားတာက အကောင်းဆုံး ဖြစ်ပြီး ဖုန်းဘက်ထရီကိုလည်း သက်သာစေပါတယ်။

Features like Apple Pay take advantage of your phone's NFC capabilities (Chris Ratcliffe/Bloomberg via Getty Images)

နောက်ဆုံးအချက်ကတော့ Apple Pay နဲ့ Google Pay လို ငွေပေးချေမှုတွေမှာ သုံးတဲ့ NFC (Near Field Communication) စနစ် ဖြစ်ပါတယ်။ ဒီစနစ်က တခြားအချက်တွေလောက် အန္တရာယ်မကြီးမားပေမယ့် လုံခြုံရေး အားနည်းချက်တွေ ရှိနေနိုင်သေးတာကြောင့် မလိုအပ်ရင် ပိတ်ထားဖို့ NSA က အကြံပြုထားပါတယ်။ တကယ်လို့ ကိုယ်က ဖုန်းနဲ့ ငွေချေတာမျိုး သိပ်မလုပ်ဘူးဆိုရင် အဲဒီစနစ်ကို ပိတ်ထားတာက ကိုယ့်ဖုန်းကို ပိုပြီး လုံခြုံမှု ရှိစေမှာ ဖြစ်ပါတယ်။

Ref : Uniladtech