Tecno က HiOS မှာ ထည့်သွင်းပေးမယ့် AI စွမ်းရည်တွေကို ကြေညာလိုက်ပါတယ်။ ဖုန်းပြောတဲ့အခါ ဘာသာပြန်ပေးတဲ့ Live Translation နဲ့ ဓါတ်ပုံထဲက မလိုအပ်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားပေးတဲ့ Object Erasing လို စမတ်ကျတဲ့လုပ်ဆောင်ချက်တွေ ပါလာမှာပါ။

Tecno က Ella ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပေးမှာ ဖြစ်ပြီး Ella က အစည်းအဝေး စီစဉ်ပေးတာ၊ သတင်းတွေ ပြပေးတာနဲ့ မေးခွန်းတွေကို ဖြေပေးတာလို အလုပ်တွေကို လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင်  Ella က ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။

Tecno AI announced, it's what the next HiOS will be all about - GSMArena.com news

Call Translation နဲ့ Social Media Translation ဟာ Tecno User တွေအတွက် အသုံးဝင်လာမှာ ဖြစ်ပြီး Video Subtitle လည်း ပါလာမှာပါ။ ဓါတ်ပုံတွေကို Generative AI အသုံးပြုပြီး ပိုကောင်းအောင်လုပ်နိုင်မှာပါ။

Tecno က အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အမေရိက တို့လို မတူညီတဲ့ ဒေသတွေအလိုက် ဓါတ်ပုံတွေကို AI က ဖန်တီးပေးနိုင်တယ်လို့ ပြောပါတယ်။ ဓါတ်ပုံ နောက်ခံက လူစိမ်းတွေနဲ့ စတစ်ကာတွေကို ဖယ်ရှားနိုင်ပါတယ်။ ဖုန်းရဲ့ Gallery မှာ စာရိုက်ထည့်ပြီး ဓါတ်ပုံတွေ ရှာနိုင်ပါတယ်။

Tecno က HiOS မှာ AI စွမ်းရည်တွေ ထည့်သွင်းပေးမယ့် အချိန်ကို မပြောသေးဘဲ အစောဆုံး အနေနဲ့ ဒီနွေရာသီမှာ ရနိုင်ပါတယ်။

Ref : gsmarena