Tecno က အိန္ဒိယမှာ Camon 30 5G နဲ့ Camon 30 Premier ကို ကြေညာလိုက်ပါတယ်။ Camon 30 5G ရဲ့ 8/256GB နဲ့ 12/256GB ကို ၂၇၅ ဒေါ်လာနဲ့ ၃၂၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Camon 30 Premier ရဲ့ 12/512GB ကို ၄၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းတွေကို မေလ ၂၃ ရက်နေ့ ရောင်းမှာပါ။

TECNO CAMON 30 Premier 5G and CAMON 30 5G launched in India

Camon 30 5G မှာ Dimensity 7020 SoC မောင်းနှင်ထားပြီး 6.78” 120Hz FullHD+ AMOLED Display တပ်ဆင်ထားပါတယ်။ 70W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး 50MP Main, 2MP Depth နဲ့ 50MP ဆဲလ်ဖီး ကင်မရာတွေ ပါပါတယ်။

TECNO Launches CAMON 30 Premier 5G - A Video Master with Flagship Dual-Chip Imaging

Camon 30 Premier မှာ Dimensity 8200 Ultimate Chip မောင်းနှင်ထားပြီး 70W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ 6.77” 120Hz AMOLED Display တပ်ဆင်ထားပြီး 50MP ကင်မရာ ၄ လုံး ပါပါတယ်။ ကင်မရာတွေက Main, Ultrawide, Periscope Telephoto နဲ့ Selfie ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု HiOS 14 ပါလာပြီး Android 15 နဲ့ 16 ကို ရကြမှာပါ။ Security Update ကို ၃ နှစ်ကြာအထိ ရမှာပါ။

Ref : gsmarena