Tecno က Mobile World Congress (MWC) မှာ Camon 40 Series ဖုန်းတွေကို ကြေညာလိုက်ပေမယ့် Specs အပြည့်အစုံကို မပြောသွားပါဘူး။ ဒါဟာ Teaser လို့လည်း ပြောနိုင်ပါတယ်။ အဲဒီဖုန်းတွေမှာ MediaTek Chipset နဲ့ Circle to Search ပါလာမယ်လို့ သတင်းထွက်နေပါတယ်။
Tecno Camon 40 Series မှာ Tecno AI ပါလာမှာ ဖြစ်ပြီး AI Image Creation, AI Call Assistant, AI Writing နဲ့ in-house Ella AI assistant ထည့်သွင်းထားမှာပါ။ ရေစိုခံစံနှုန်း ပါလာနိုင်ပါတယ်။ အဲဒီဖုန်းတွေရဲ့ Specs အပြည့်အစုံကို မကြာခင် ကြေညာနိုင်ပါတယ်။
Tecno က Megabook S14, Megabook K15S, Megabook T14 Air Laptops, Watch GT1 Wearable နဲ့ True 2 TWS Earbuds တွေကိုလည်း ကြေညာလိုက်ပါတယ်။
Megabook S14 ဟာ ဈေးကွက်ထဲမှာ အပေါ့ပါးဆုံး 14” OLED Laptop တစ်လုံးဖြစ်ပြီး ၈၉၉ ဂရမ် ကိုယ်ထည် နဲ့ 2.8K Resolution Panel တပ်ဆင်ထားပါတယ်။ Megabook T14 Air ဟာလည်း ပေါ့ပါးပြီး ၉၉၉ ဂရမ်ပဲ ရှိပါတယ်။ Megabook K15S ရဲ့ အဓိက အစိတ်အပိုင်းက 70Wh Battery နဲ့ 65W Fast Charging ဖြစ်ပါတယ်။
Watch GT 1 မှာ ကျန်းမာရေးကို ခြေရာခံတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး Tecno က AI Assistant က ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တယ်လို့ ပြောပါတယ်။ Tecno True 2 Earbuds မှာ 45 dB Noise Cancellation နဲ့ ၅၀ နာရီ ဘက်ထရီ သက်တမ်း ပါလာပါတယ်။
Ref : gsmarena