Infinix က သူ့ရဲ့ ပထမဆုံး တက်ဘလက် ဖြစ်တဲ့  Infinix Pad ကို မကြာခင်က ကြေညာခဲ့ပါတယ်။ Infinix ရဲ့ ညီအစ်ကို Brand ဖြစ်တဲ့ Tecno ကလည်း ကိုယ်ပိုင် တက်ဘလက် ၁ လုံးကို ဖန်တီးနေပါတယ်။ အခုတော့ Tecno Pad ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပြီး မကြာခင် ကြေညာတော့မှာပါ။

Tecno Pad

ဓါတ်ပုံထဲမှာ Tecno Pad ရဲ့ Grey နဲ့ Gold အရောင်တွေကို မြင်ရပါတယ်။ အရှေ့ဘက်မှာ Display ဘေးဘောင်တွေက အရွယ်အစား တူညီပီး အနောက်ဘက်မှာ ကင်မရာ ၁ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။

Tecno Pad

Tecno Pad မှာ 10.1” LCD HD+ 800x1280p Display တပ်ဆင်ထားပြီး Helio G80 Chipset နဲ့ 4GB RAM ပါပါတယ်။ 128GB or 256GB Storage ထည့်သွင်းထားပြီး 18W Fast Charging ထောက်ပံ့တဲ့ 7,000mAh Battery ပါပါတယ်။ Android 14 အခြေပြု HiOS UI မောင်းနှင်ထားပါတယ်။

အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 13MP ကင်မရာနဲ့ LED Flash တပ်ဆင်ထားပါတယ်။ Tecno Pad မှာ LTE, WiFi , Bluetooth 5.1 , USB-C Port နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။ Tecno Pad ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း ကြေညာနိုင်ပြီး WiFi နဲ့ LTE Version တွေ ထုတ်လုပ်ထားမှာပါ။ တက်ဘလက်ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina