Tecno က ဇန်နဝါရီလမှာ Pop 5 Pro ကို ကြေညာခဲ့ပြီး အခုတော့ ၈ လအကြာမှာ Pop 6 Pro ကို မိတ်ဆက်လိုက်ပါတယ်။

Tecno Pop 6 Pro goes official with a 6.6'' screen and 5,000 mAh battery

Tecno Pop 6 Pro မှာ ၆.၆ လက်မ HD+ မျက်နှာပြင် ပါလာပြီး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP Main နဲ့ Depth Sensor ၂ လုံးကို ပူးတွဲထားပါတယ်။

Tecno Pop 6 Pro goes official with a 6.6'' screen and 5,000 mAh battery

Pop 6 Pro မှာ အမည်မသိရတဲ့ Quad-core Processor မောင်းနှင်ထားပြီး 2GB RAM နဲ့ 32GB Storage ပါလာပါတယ်။ Android 12 (Go Edition ) အခြေပြု HiOS 8.6 မောင်းနှင်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီ ပါပါတယ်။ 4G ဆက်သွယ်မှု ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

Peaceful Blue နဲ့ Polar Balck ၂ ရောင် ထုတ်လုပ်ထားပြီး Tecno ရဲ့ တရားဝင် ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက်မှာ ရောင်းချပေးနေပါပြီ။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Tecno ရဲ့ အိန္ဒိယ ဌာနက Pop 6 Pro ကို Tease လုပ်နေပြီ ဖြစ်တဲ့အတွက် အဲဒီ နိုင်ငံမှာ မကြာခင် ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Tecno ရဲ့ အိန္ဒိယ ဌာနက ၆.၅၆ လက်မ မျက်နှာပြင် ပါတယ်လို့ ကြေညာထားတဲ့အတွက် တကယ့် ထောင့်ဖြတ် အတိုင်းအတာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena