Tecno က ပြီးခဲ့တဲ့ ၁ ပတ်က တန်ဖိုးနည်း 5G ဖုန်း ဖြစ်တဲ့ Pova Neo 5G ကို ကြေညာခဲ့ပါတယ်။ အခုတော့ ရုရှားမှာ Tecno Pova Neo 2 ကို ကြေညာလိုက်ပါတယ်။

Tecno Pova 2

Tecno Pova Neo 2 မှာ ၆.၈၂ လက်မ IPS LCD မျက်နှာပြင် ပါလာပြီး HD+ Resolution (720×1640 pixels) ထောက်ပံ့ထားပါတယ်။ 20.5:9 Aspect Ratio နဲ့ 90Hz Refresh Rate ပါလာပြီး Android 12 OS အခြေပြု HiOS မောင်းနှင်ထားပါတယ်။

MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 4GB/ 6GB RAM နဲ့ 64GB/ 128GB Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပြီး 18W Charging ပါတဲ့ အရွယ်ကြီး 7,000mAh ဘက်ထရီ ပါလာပါတယ်။

Tecno Pova Neo 2 မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 16MP Main , 2MP Depth , Quad LED Flash တွေ တပ်ဆင်ထားပါတယ်။ Dual-SIM Support , WiFi , Bluetooth , GPS, USB-C နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပြီး အရွယ်အစားအပြည့်အစုံက 170.86 x 77.79 x 9.63mm ဖြစ်ပါတယ်။

Tecno Pova Neo 2 ကို ရုရှားမှာ ၁၁,၉၀၀ ရူဘယ် သတ်မှတ်ထားပြီး ၂၀၅ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ Uranolite Gray, Virtual Blue နဲ့ Orange Magma အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina