Tecno ရဲ့ နောက်ဆုံးထွက် Pova 3 မှာ အရွယ်ကြီး 7,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ၆.၉ လက်မ 90Hz မျက်နှာပြင် ပါလာပါတယ်။ ပင်မ ကင်မရာက 50MP ဖြစ်ပြီး အဲဒီ စမတ်ဖုန်းကို ဖိလစ်ပိုင်မှာ ကြေညာလိုက်ပါတယ်။ တခြားနိုင်ငံတွေမှာ မကြာခင် မိတ်ဆက်မယ်လို့ ထင်ရပါတယ်။
အဲဒီ စမတ်ဖုန်းရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက ဘက်ထရီ ဖြစ်ပါတယ်။ 7,000mAh ဘက်ထရီ တပ်ဆင်ထားပြီး Tecno က အနည်းဆုံး ၂ ရက်လောက် အသုံးခံမယ်လို့ ပြောပါတယ်။ Super Power Saving Mode အပါအဝင် ဘက်ထရီ သက်တမ်း ကြာရှည်စေတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး တခြား Device တွေကို 10W Speed နဲ့ အားသွင်းပေးနိုင်ပါတယ်။ Pova 3 မှာ 25W Charging Speed အထိ ထောက်ပံ့ထားပြီး ဘူးထဲမှာ 33W Charger ထည့်သွင်းပေးထားပါတယ်။
၆.၉ လက်မ LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main ၁ လုံး၊ 2MP Auxiliary ၂ လုံး ထည့်သွင်းထားပါတယ်။ MediaTek Helio G88 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage တွေ ပါလာပါတယ်။
ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ စတီရီယို စပီကာတွေ ထည့်သွင်းထားပြီး နားကြပ်ပေါက်နဲ့ FM Radio Receiver ပါပါတယ်။ Android 11 အခြေပြု HiOS မောင်းနှင်ထားပြီး Electric Blue , Tech Silver နဲ့ Eco Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/64GB ကို ၈,၉၉၉ PHP နဲ့ 6/128GB ကို ၉,၃၉၉ PHP သတ်မှတ်ထားပြီး မြန်မာငွေ ၃၁၀,၀၀၀ နဲ့ ၃၃၀,၀၀၀ ဝန်းကျင်ကျသင့်မှာပါ။
Ref : gsmarena