Tecno က Pova 7 5G series ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ series မှာ Tecno Pova 7 5G နဲ့ Tecno Pova 7 Pro 5G ဆိုပြီး မော်ဒယ်နှစ်မျိုး ပါဝင်ပါတယ်။ မော်ဒယ်နှစ်မျိုးလုံးဟာ refresh rate မြင့်တဲ့ display၊ ဘက်ထရီကြီးကြီးနဲ့ 5G performance ကို ဈေးနှုန်းသင့်တင့်စွာနဲ့ လိုချင်တဲ့ သုံးစွဲသူတွေကို အဓိက ရည်ရွယ်ထားပါတယ်။
ဖုန်းနှစ်မျိုးလုံးရဲ့ တူညီချက်များ
ဖုန်းနှစ်မျိုးလုံးမှာ 6.78-inch AMOLED display ကို သုံးထားပြီး 1.5K resolution, 144Hz refresh rate, 240Hz touch sampling rate နဲ့ 2160Hz PWM dimming တို့ကို ထောက်ပံ့ပေးထားပါတယ်။ အမြင့်ဆုံး (brightness) က 4500 nits အထိ ရရှိနိုင်ပြီး display ကို Corning Gorilla Glass 7i နဲ့ ကာကွယ်ပေးထားပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာတော့ MediaTek Dimensity 7300 Ultimate chipset ကို အသုံးပြုထားပြီး 256GB internal storage နဲ့ 16GB RAM (8GB physical RAM + 8GB virtual RAM) အထိ ရွေးချယ်နိုင်မှာပါ။ ဖုန်းအပူချိန်ကို ထိန်းချုပ်ဖို့အတွက် 11-layer Hyper-Cooling system လည်း ပါဝင်ပါတယ်။ ဘက်ထရီကတော့ 6000mAh အကြီးစားကို သုံးထားပြီး အရှေ့ကင်မရာက 13MP ဖြစ်ပါတယ်။
ကွာခြားချက်များ
Tecno Pova 7 5G: 45W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးပြီး ကျောဘက်မှာ 50MP ကင်မရာ ပါဝင်ပါတယ်။
Tecno Pova 7 Pro 5G: ကျောဘက်မှာ 64MP Sony IMX682 main camera နဲ့ 8MP depth sensor တို့ ပါဝင်ပါတယ်။ 30W wireless charging (ကြိုးမဲ့အားသွင်းစနစ်) နဲ့ reverse wireless charging တို့ကို ထူးခြားစွာ ထောက်ပံ့ပေးထားပါတယ်။ Tecno က Pro model အတွက် OS အဆင့်မြှင့်တင်မှု (upgrades) နှစ်ကြိမ်နဲ့ သာမန် model အတွက် တစ်ကြိမ် ပေးသွားမယ်လို့ အတည်ပြုထားပါတယ်။
ဖုန်းနှစ်မျိုးလုံးဟာ IP64 rating (ရေနဲ့ဖုန်ဒဏ်ခံနိုင်ရည်)၊ IR Remote၊ NFC၊ dual SIM၊ Bluetooth 5.4၊ Dolby Atmos နဲ့ 4×4 MIMO ပါဝင်တဲ့ Intelligent Signal Hub တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် TUV SUD A level Smoothness Certification လည်း ရရှိထားပါတယ်။
အရောင်နဲ့ ဈေးနှုန်း
Tecno Pova 7 5G: Geek Black, Magic Silver, Oasis Green ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။
8GB + 128GB: ရူပီး ၁၈,၉၉၉
8GB + 256GB: ရူပီး ၁၉,၉၉၉
Tecno Pova 7 Pro 5G: Neon Cyan, Dynamic Grey, Geek Black ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။
8GB + 128GB: ရူပီး ၂၁,၉၉၉
8GB + 256GB: ရူပီး ၂၃,၉၉၉
ဖုန်းတွေကို ဇူလိုင်လ ၁၀ ရက်နေ့မှာ Flipkart ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Ref : gizmochina