Tecno က အိန္ဒိယဈေးကွက်မှာ Pova Curve 2 စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းဟာ 8,000mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတွေထဲမှာ အပါးလွှာဆုံးလို့ ဆိုထားပြီး အထူ ၇.၄၂ မီလီမီတာနဲ့ အလေးချိန် ၁၉၅ ဂရမ်သာ ရှိပါတယ်။ ပထမမျိုးဆက်ထက် ဒီဇိုင်းပိုင်းကိုလည်း အသစ်ပြန်လည် ပြင်ဆင်ထားပါတယ်။

မျက်နှာပြင်ပိုင်းမှာတော့ 1.5K resolution နဲ့ 144Hz refresh rate ရရှိတဲ့ ၆.၇၈ လက်မအရွယ် curved AMOLED display ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် အလင်းရောင် 4,500 nits အထိ ရရှိနိုင်ပြီး Corning ရဲ့ Gorilla Glass 7i နဲ့ ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ IP64 rating နဲ့ ပြုတ်ကျဒဏ်ခံနိုင်တဲ့ SGS လက်မှတ်လည်း ရရှိထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအတွက် MediaTek Dimensity 7100 SoC ကို အသုံးပြုထားပြီး 8GB RAM နဲ့ 256GB storage အထိ ရွေးချယ်နိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက် 50MP ပင်မကင်မရာနဲ့ 2MP depth ကင်မရာ တွဲဖက်ပေးထားပြီး အရှေ့ဘက်မှာ 13MP ဆဲလ်ဖီကင်မရာ ပါဝင်ပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 16 အခြေခံ HiOS 16 ကို အသုံးပြုထားပြီး Android OS နှစ်ကြိမ် အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အခြားထူးခြားချက်တွေအနေနဲ့ 45W fast charging၊ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်၊ ကွန်ရက်ချိတ်ဆက်မှု ပိုကောင်းစေမယ့် G1 နဲ့ SE1 ချစ်ပ်တွေ ပါဝင်ပါတယ်။ အရောင်အနေနဲ့ ခရမ်း၊ ငွေနဲ့ တိုက်တေနီယမ်အရောင် ၃ မျိုး ထွက်ရှိလာပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ ဈေးနှုန်းတွေကတော့ 8GB/128GB မော်ဒယ်ကို ရူပီး ၂၇,၉၉၉ (ခန့်မှန်းခြေ ကန်ဒေါ်လာ ၃၁၀) နဲ့ 8GB/256GB မော်ဒယ်ကို ရူပီး ၂၉,၉၉၉ (ခန့်မှန်းခြေ ကန်ဒေါ်လာ ၃၃၀) သတ်မှတ်ထားပါတယ်။
Ref : gsmarena