ပြီးခဲ့တဲ့နှစ်မှာ Tecno က Phantom Ultimate အမည်ရ Rollable ဖုန်း Concept ကို ပြသခဲ့ပါတယ်။ အဲဒီဖုန်းကို ဗီဒီယိုတွေထဲမှာပဲ တွေ့ခဲ့ရပါတယ်။ အခုတော့ ကုမ္ပဏီက တကယ့် နမူနာ မော်ဒယ်ကို ထုတ်ပြလာပါတယ်။

Tecno shows off a rollable phone prototype, better UTG for foldables and color changing tech - GSMArena.com news

Phantom Ultimate ဟာ အခုတော့ တကယ်ကို အလုပ်လုပ်တဲ့ ဖုန်း ဖြစ်လာပါပြီ။ 6.55” မျက်နှာပြင် ပါလာပြီး ခလုတ် ၁ ချက်နှိပ်လိုက်ရင် ၁.၃ စက္ကန့်အတွင်း 7.11” မျက်နှာပြင် အဖြစ် ဆန့်ထုတ်ပေးပါတယ်။ အနောက်ဘက်မှာ အပို မျက်နှာပြင်ငယ် ၁ ခု ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ အထူက ၉.၉၃ မီလီမီတာ ရှိပြီး တခြား Foldable ဖုန်းတွေထက် ပိုမို ပါးလွှာပါတယ်။

Tecno shows off a rollable phone prototype, better UTG for foldables and color changing tech - YouTube

Tecno ဟာ Rollable ဖုန်းကို တီထွင်နေပေမယ့် ဈေးကွက်ထဲမှာ Foldable ဖုန်း ၂ လုံးကို ရောင်းချထားပါတယ်။ အဲဒီဖုန်းတွေက Phantom V Fold နဲ့ V Flip တို့ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေက အဲဒီဖုန်းတွေကို ပိုမို ကောင်းမွန်အောင် ပြုလုပ်နေပါတယ်။

စမတ်ဖုန်း ကုမ္ပဏီတွေက ဒီဇိုင်း ဆန်းသစ်တဲ့ Foldable စမတ်ဖုန်းတွေကို တီထွင်နေကြပါတယ်။ Tecno ကလည်း အဲဒီ နယ်ပယ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ Tecno က Phantom Ultimate ကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena