နိုင်ငံတကာ Consumer အီလက်ထရောနစ် ပစ္စည်းတွေကို ပြသတဲ့ IFA ကို ဘာလင်မှာ စက်တင်ဘာလ ၅ ရက်နေ့အထိ ကျင်းပနေပါတယ်။ တရုတ် ကုမ္ပဏီ Tecno အပါအဝင် နိုင်ငံတကာ ကုမ္ပဏီတွေဟာ အဲဒီပွဲမှာ ထုတ်ကုန် အသစ်တွေကို ပြသနေပါတယ်။ Tecno ကလည်း MegaBook T1 2023 14 inch နဲ့ Tecno Megabook S1 Dazzling Edition လက်ပ်တော့တွေကို ပြသလိုက်ပါတယ်။

Tecno MegaBook T1 2023 14 inch

Tecno MegaBook T1 2023 14 inch ဟာ ပါးလွှာပေါ့ပါးတဲ့ လက်ပ်တော့ ဖြစ်ပြီး Tecno က Gen Z တွေအတွက် ဒီဇိုင်းထုတ်ထားတာလို့ ပြောပါတယ်။ ၁၄.၈ မီလီမီတာ အထူနဲ့ ၁.၃၉ ကီလိုဂရမ် အလေးချိန်ပဲ ရှိပါတယ်။ ပရီမီယမ် အလူမီနီယမ် သတ္တုနဲ့ တည်ဆောက်ထားပြီး Red Dot Design Award-winning Startrail Phantom ဒီဇိုင်း ပါပါတယ်။ Monet Violet အရောင် ထုတ်လုပ်ထားပါတယ်။

လက်ပ်တော့နဲ့ Tecno စမတ်ဖုန်း အကြားမှာ ဆက်သွယ်ပေးတဲ့ OneLeap လုပ်ဆောင်ချက် ပါလာပြီး ဖိုင်တွေ ပေးပို့တာ၊ ဒေတာတွေ မျှဝေတာ၊ အလုပ်တွေ ပူးပေါင်းလုပ်တာနဲ့ တခြား အရာတွေ ပြုလုပ်နိုင်ပါတယ်။ 750Wh Battery က ၁၈.၅ နာရီ အသုံးခံပါတယ်။

Tecno MegaBook S1 Dazzling Edition

Tecno MegaBook S1 Dazzling Edition မှာ “polychromatic photoisomer” နည်းပညာ ပါလာပြီး အရောင်ပြောင်းနိုင်တဲ့ ပထမဆုံး လက်ပ်တော့ ဖြစ်ပါတယ်။ နေရောင်ကျတဲ့အခါ လက်ပ်တော့ဟာ အရောင်ပြောင်းသွားပါတယ်။ Vivo V-series စမတ်ဖုန်းနဲ့ Tecno Camon 19 Pro လိုမျိုး ဖြစ်ပါတယ်။ ကုမ္ပဏီက အရောင်ပြောင်းတဲ့ လက်ပ်တော့ ဗီဒီယိုကို မျှဝေထားပါတယ်။

အဲဒီ လက်ပ်တော့ဟာလည်း ပါးလွှာပေါ့ပါးပြီး Intel Core i7 Processor နဲ့ 16GB RAM ထည့်ထားပါတယ်။ 15.6” Full HD မျက်နှာပြင် တပ်ဆင်ထားပါတယ်။

Tecno က အဲဒီ လက်ပ်တော့တွေရဲ့ Specs အပြည့်အစုံ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina