Tecno က Spark 10 Pro ကို ကြေညာလိုက်ပြီး ဆဲလ်ဖီး အသားပေး ဖုန်း ဖြစ်ပါတယ်။ Tecno ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားပြီး ဈေးနှုန်းကလွဲလို့ ကျန်တဲ့ Specs အားလုံးကို ဖော်ပြထားပါတယ်။

Tecno Spark 10 Pro

Spark 10 Pro မှာ 6.8 inch IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Resolution က FHD+ ဖြစ်ပါတယ်။ 90Hz Refresh Rate နဲ့ DCI-P3 Color Gamut ထောက်ပံ့ထားပြီး Android 13 အခြေပြု HiOS 12.6 မောင်းနှင်ထားပါတယ်။

အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main ကင်မရာ ၊ AI Lens နဲ့ Quad-LED Flash ထည့်သွင်းထားပါတယ်။

Spark 10 Pro မှာ Helio G88 Chipset မောင်းနှင်ထားပြီး 8GB RAM , 8GB Virtual RAM နဲ့ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ညာဘက်က ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ 256GB Storage အထိ ထောက်ပံ့ထားပြီး Dual 4G VoLTE , WiFi, Bluetooth , NFC နဲ့နားကြပ်ပေါက်တွေ ပါပါတယ်။

Spark 10 Pro ရဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး Starry Black နဲ့ Pearl White အရောင် ထုတ်လုပ်ထားပါတယ်။ 8GB RAM + 128GB Storage နဲ့ 8GB RAM + 256GB Storage တွေ ထုတ်လုပ်ထားပြီး အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းက $122 ဖြစ်နိုင်ပါတယ်။

Ref : gizmochina