Tecno က ဒီလ အစောပိုင်းမှာ Spark 20 ကို ကြေညာခဲ့ပြီး အခုတော့ ပိုမို စွမ်းရည်မြင့်တဲ့ Helio G99 Chipset နဲ့ 108MP Main ကင်မရာပါတဲ့ Spark 20 Pro ကို ချပြလိုက်ပါတယ်။

Tecno Spark 20 Pro announced with Helio G99 and 108MP camera

Spark 20 Pro မှာ 6.78” IPS LCD FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Punch Hole Cutout ပတ်လည်မှာ System Info Status နဲ့ Notification တွေကို ပြသပေးတဲ့ Tecno ရဲ့ Dynamic Port ပါလာပါတယ်။

Tecno Spark 20 Pro key specs

MediaTek Helio G99 Chip ကို 8GB RAM , 256GB Storage နဲ့ တွဲဖက်ထားကာ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 108MP Main နဲ့ Auxiliary QVGA ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Tecno Spark 20 Pro announced with Helio G99 and 108MP camera

Spark 20 Pro မှာ Android 13 အခြေပြု HiOS မောင်းနှင်ထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်နဲ့ IP53 စံနှုန်း ထည့်သွင်းထားပါတယ်။

Tecno Spark 20 Pro အတွက် Moonlit Black, Frosty Ivory, Sunset Blush နဲ့ Magic Skin Green အရောင်တွေ ထုတ်လုပ်ထားပြီး ဖိလစ်ပိုင်မှာ ဒေါ်လာ ၁၀၀ သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၃၅၀,၀၀၀ ဝန်းကျင်  ကျသင့်မှာပါ။

Ref: gsmarena