Tecno က အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Tecno Spark 30C 5G လို့ အမည်ပေးထားပြီး iPhone 16 ဒီဇိုင်းနဲ့ တူပါတယ်။

Tecno Spark 30C 5G - Full Phone Specs, Price and Comparison

အနောက်ဘက်မှာ Apple iPhone 16 နဲ့ တူတဲ့ Oval Module  ကို အသုံးပြုထားပါတယ်။ 6.67” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 6300 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။

Tecno Spark 30C 5G with Dimensity 6300 SoC launched in India, effectively  starts at ₹8,999: All you need to know | Mint

Spark 30C 5G မှာ Android 14 အခြေပြု HiOS 14 Custom Skin မောင်းနှင်ထားပြီး 18W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ အနောက်ဘက်မှာ 48MP Main နဲ့ AI Secondary Lens ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ IP54 ရေစိုခံစံနှုန်း၊ စတိရီယို စပီကာ၊ နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ IR Blaster ထောက်ပံ့ထားပါတယ်။

Tecno က အိန္ဒိယမှာ Spark 30C 5G အတွက် အရောင်များစွာ ထုတ်လုပ်ထားပြီး Midnight Shadow , Azure Skye နဲ့ Aurora Cloud တို့ ပါဝင်ပါတယ်။ 4/64GB ကို ၉,၉၉၉ ရူပီးနဲ့ 4/128GB ကို ၁၀,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၅၂၀,၀၀၀ နဲ့ ၅၄၅,၀၀၀ ဝန်းကျင် တန်ကြေး ရှိပါတယ်။ အိန္ဒိယမှာ Flipkart ကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gizmochina